Image: 

တိရစ္ဆာန်ကျန်းမာရေးနှင့် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သောရောဂါများဆိုင်ရာ ညှိနှိုင်းဗဟိုဌာန၏ ကြိုတင်ပြင်ဆင်မှုကော်မတီအစည်းအဝေး

ဧပြီလ 25, 2019

(၁၅) ကြိမ်မြောက် အာဆီယံနိုင်ငံများ၏တိရစ္ဆာန်ကျန်းမာရေးနှင့် တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများဆိုင်ရာညှိနှိုင်းဗဟိုဌာန၏ ကြိုတင်ပြင်ဆင်မှုကော်မတီ (ASEAN Coordinating Center for Animal Health and Zoonoses: ACCAHZ Prep Com) အစည်းအဝေးကို (၂၅-၉-၂၀၁၈) ရက်မှ (၂၇-၉-၂၀၁၈) ရက်အထိ နေပြည်တော်၊ Kampinski Hotel  တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အုပ်ချုပ်မှုအဖွဲ့ ၏လုပ်ထုံးလုပ်နည်းစည်းမျဉ်းများအား အပြီးသတ်ညှိနှိုင်း ဆွေးနွေး န်၊ ACCAHZ ရုံးစိုက်မည့် နိုင်ငံ၏ သဘောတူညီချက်များအား အပြီးသတ်ဆွေးနွေးရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းရန် တို့ဖြစ် ပါသည်။

အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ဒေါက်တာခင်ဇော် (မွေးရေ/ကျေးလက်)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာသန်းနိုင်ထွန်း နှင့် တာဝန်ရှိသူများ၊ FAO မှ ကိုယ်စားလှယ်များ၊ ASEAN Secretariat မှ Ms. Maharti Rihana နှင့် ASEAN အဖွဲ့ဝင်နိုင်ငံများမှ တစ်နိုင်ငံလျှင် ACCAHZ PrepCom Focal Point နှင့် Alternate Focal Point များ တက်ရောက် ခဲ့ကြပြီးဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။