အကျိုးအမြတ်များစေဖို့ စားကျက်စိုက်ပျိုးမွေးမြူကြပါစို့
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲ၍ အဓိကလုပ်ကိုင်ကြပါသည်။ ယခုအချိန်တွင် နိုင်ငံတော်၏ မဟာဗျူဟာသည် စိုက်ပျိုးရေးအခြေပြု၍ စိုက်ပျိုးရေးမှရရှိသော အစာကြမ်း၊အစာစိမ်း၊အစာနုများကို မွေးမြူရေးလုပ်ငန်းများတွင် အသုံး ပြုခြင်း၊ တိရစ္ဆာန်များမှရရှိသော စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးမြေများတွင် မြေသြဇာအဖြစ် အသုံး ပြုခြင်းဖြင့် သီးနှံထွက်နှုန်း တိုးတက်သည့်အပြင်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက် လျက်ရှိပါသည်။ တိရစ္ဆာန်ထွက်ပစ္စည်းများကို စနစ်တကျထုတ်လုပ်ရန်နှင့် အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိရစ္ဆာန်အစာများကို စနစ်တကျ စိုက်ပျိုးကျွေးမွေးရန် လိုအပ်လာပြီး စားကျက်စိုက်ပျိုးရေးကို စနစ်တကျဆောင်ရွက်ရန်လိုအပ်လာပါသည်။ စားကျက်ပင်သည် စပါးစိုက်ခင်း၌ ပေါင်းပင်ဖြစ်သော်လည်း မွေးမြူသူများအတွက် “အရည်အသွေးပြည့် တိရစ္ဆာန်အစာ” ဖြစ်ပါသည်။ မွေးမြူသူများသည် စားကျက်ပင်များနှင့်ပတ်သက်သော အခြေခံအကြောင်းအရင်းများ သိရှိရန်လိုအပ်သကဲ့သို့ ကိုယ်တိုင်စိုက်ပျိုး မွေးမြူဖို့လိုအပ်ပါသည်။ အခြေခံ အကြောင်းရင်းမှာ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်ဖြစ်ပါတယ်။ အချို့ တောင်သူများသည် စိုက်ပျိုး ချိန်ကို အကောင်းဆုံး စိုက်ပျိုးနိုင်သော်လည်း ရိတ်သိမ်းချိန်နောက်ကျခြင်းကြောင်း စိုက်ပျိုးသီးနှံ၏ အာဟာရဆုံးရှုံးမှုဖြစ်ပြီး ရသင့်ရထိုက်သော အကျိုးအမြတ်မရရှိကြပေ။
မွေးမြူရေး၏ အဓိကကုန်ကျစရိတ်မှာ တိရစ္ဆာန်အစာဖိုးအတွက်ကုန်ကျခြင်းဖြစ်ပါသည်။ အစာဖိုးလျှော့ချနိုင်လျှင် အမြတ်များမည်ဖြစ်ပါသည်။ မိမိနိုင်ငံတွင် လက်ရှိမွေးမြူသူများ၏ နွားစာများမှာ ကောက်ရိုး/ပြောင်းရိုးနှင့် အစာနု (စေ့ဖတ်၊ ဖွဲနု၊ ပြောင်းမှုန့်၊ ပဲမှုန့်) တို့ဖြစ်ပါသည်။ အစာကြမ်းနှင့် အစာနု စျေးနှုန်းမြှင့်တက်ခြင်းကြောင့် မွေးမြူသူများလိုအပ်ချက် ပြည့်မီအောင် ကျွေးမွေနိုင်ခြင်းမရှိသောကြောင့် အကျိုးအမြတ်နည်းပါးပြီး “သဲထဲရေသွန်” ဖြစ်ခဲ့ကြပါ သည်။
ထို့ကြောင့် အစာနုကိုအခြေပြု မွေးမြူသောစနစ်ကို အသုံးမပြုပဲ အစာကြမ်းကို အခြေပြု ကျွေးမွေးသောစနစ် ပြောင်းလဲမွေးမြူရန် လိုအပ်လာပါသည်။ အစာကြမ်း အခြေပြုမွေးမြူမည် ဆိုပါက စားကျက်စိုက်ပျိုးရောင်းချသူများလိုအပ်လာမည် ဖြစ်ပါသည်။
မိရိုးဖလာ စိုက်ပျိုးသီးနှံမှ နွားစာအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ရန် အခြေခံကုန်ကျစရိတ်နှင့် အကျိုးအမြတ်များ တွက်ချက်ရန်လိုအပ်လာပါသည်။
Mombasa (မွန်ဘားဆား) မြက် (၁) ဧကစိုက်ပျိုးရန်ကုန်ကျစရိတ်
အကြောင်းအရာ | ကျပ် | |||
ပေါင်းသတ်ဆေး | = | ၁၀၀၀၀ | ||
မြေပြင်ခ (ပ) အကြိမ် | = | ၂၀၀၀၀ | ||
(ဒု) အကြိမ် | = | ၂၀၀၀၀ | ||
မြေသြဇာ (15:15:15) (၂) အိတ် (မျိုးစေ့မချမီ) | = | ၈၀၀၀၀ | ||
ပုလဲဓာတ်မြေသြဇာ ၁ အိတ် (အပင်(၁)ပေအရွယ်ခန့်တွင်) | = | ၃၀၀၀၀ | ||
မျိုးစေ့ (၂)kg × ၃၀၀၀၀ | = | ၆၀၀၀၀ | ||
မျိုးစေ့ချရန် စက်ငှားခ | = | ၃၀၀၀၀ | ||
အလုပ်သမားခ (၄) ဦး×၆၀၀၀ | = | ၂၄၀၀၀ | ||
စုစုပေါင်း | = | ၂၇၄၀၀၀ | ||
ပထမ (၁) နှစ်အတွင်း ရိတ်သိမ်းအကြိမ်ရေ (၆)ကြိမ် | ||||
ရိတ်သိမ်းချိန်အလုပ်သမားစရိတ်
(၆ ယောက် ×၄၀၀၀ကျပ်) |
= | ၂၄၀၀၀× ၆ (ကြိမ်) | = | ၁၁၄၀၀၀ |
(၁)ကြိမ်ရိတ်သိမ်းပြီးတိုင်းမြေသြဇာပေးရမည်။ | ||||
မြေသြဇာ (15:15:15) ( ၁/၂)အိတ် × ၅ကြိမ် | = | ၁၀၀၀၀၀ | ||
ပုလဲဓာတ်မြေသြဇာ ( ၁/၂ အိတ်)× ၅ကြိမ် | = | ၇၅၀၀၀ | ||
(၁) နှစ်ပတ်လုံးအတွက် စုစုပေါင်းကုန်ကျစရိတ် (ခန့်မှန်း) | ၅၆၃,၀၀၀ | |||
Mombasa (၁) ဧက ပျမ်းမျှထွက်နှုန်း (အစိုအလေးချိန်) (၁) ဧက ပထမအကြိမ် ရိတ်သိမ်းချိန် ရက် (၆၀) သား (၁) ဧကထွက်နှုန်း (၃၅၀၀-၄၀၀၀) ပိဿာ (၈) ကြိမ်၏ အစိုပမာဏ ပျမ်းမျှ = (၈ x ၃၇၅၀) = ၃၀,၀၀၀ ပိဿာ မြက် (၁) ပိဿာ (၅၀) ကျပ် (၂၀၁၈-၁၉ စျေးနှုန်း) ၃၀,၀၀၀ X ၅၀ ကျပ် = ၁၅၀၀,၀၀၀ - ၅၆၃,၀၀၀= ၉၃၇,၀၀၀ ကျပ် |
စပါး (၁)ဧက စိုက်ပျိုးရန်ကုန်ကျစရိတ်
ကြိမ်ရေ | အကြောင်းအရာ | ရင်းနှီးငွေ |
ထွက်နှုန်း
(တင်း) |
ရိတ်သိမ်းချိန်စျေးနှုန်း
(၂၀၁၇-၁၈) |
အကျိုးမြတ် |
နွေစပါး | ပျိုးခင်းထွန်ယက်ခြင်း | ၂၀၀၀၀ | |||
မျိုးစပါး | ၃၀၀၀၀ | ||||
ပျိုးကျဲခြင်း | ၁၀၀၀ | ||||
မြေသြဇာကျွေးခြင်း | ၂၀၀၀ | ||||
ပျိုးနှုတ်ခြင်း | ၇၅၀၀ | ||||
စိုက်ပျိုးရန်ထွန်ယက်ခြင်း | ၄၀၀၀၀ | ||||
စိုက်ပျိုးခြင်း | ၄၅၀၀၀ | ||||
ပေါင်းသတ်ခြင်း | ၁၀၀၀၀ | ||||
မြေသြဇာအသုံးပြုခြင်း | ၈၀၀၀၀ | ||||
ရိတ်သိမ်းခြင်း | ၄၅၀၀၀ | ||||
နေလှမ်းခြင်းနှင့် သိုလှောင်ခြင်း | ၃၀၀၀၀ | ||||
စုစုပေါင်း | ၃၁၀၅၀၀ | ၁၀၀ | ၅၃၀၀၀၀ | ၂၁၉၅၀၀ | |
အကြောင်းအရာ | ရင်းနှီးငွေ | ထွက်နှုန်း | ယခင်နှစ် စျေးနှုန်း | အကျိုးမြတ် | |
မိုးစပါး | ပျိုးခင်းထွန်ယက်ခြင်း | ၂၀၀၀၀ | |||
မျိုးစပါး | ၃၀၀၀၀ | ||||
ပျိုးကျဲခြင်း | ၁၀၀၀ | ||||
မြေသြဇာကျွေးခြင်း | ၂၀၀၀ | ||||
ပျိုးနှုတ်ခြင်း | ၇၅၀၀ | ||||
စိုက်ပျိုးရန်ထွန်ယက်ခြင်း | ၄၀၀၀၀ | ||||
စိုက်ပျိုးခြင်း | ၄၅၀၀၀ | ||||
ပေါင်းသတ်ခြင်း | ၁၀၀၀၀ | ||||
မြေသြဇာအသုံးပြုခြင်း | ၈၀၀၀၀ | ||||
ရိတ်သိမ်းခြင်း | ၄၅၀၀၀ | ||||
နေလှမ်းခြင်းနှင့် သိုလှောင်ခြင်း | ၃၀၀၀၀ | ||||
စုစုပေါင်း | ၃၁၀၅၀၀ | ၈၀ တင်း | ၈၅၀၀၀၀ | ၅၃၉၅၀၀ | |
(၁) နှစ်အတွင်းစပါး (၁) ဧက စိုက်ပျိုးခြင်းမှ ရရှိနိုင်သော အကျိုးအမြတ် (ခန့်မှန်း) | ၇၅၉,၀၀၀ |
အကျိုးအမြတ်ခြားနားခြင်း = မြက်(၁)ဧကအကျိုးအမြတ် - စပါး(၂) သီးအကျိုးအမြတ်
= ၉၃၇,၀၀၀ ကျပ် - ၇၅၉,၀၀၀ ကျပ်
= ၁၇၈,၀၀၀ ကျပ်
အထက်ပါ တွက်ချက်မှုများအရ ပထမနှစ်တွင် မြက်စိုက်ခြင်းအားဖြင့် (၁) သိန်းကျော်ခန့် အကျိုးအမြတ်ရှိနိုင်ပါသည်။သို့သော် စားကျက်မြက်များသည်တစ်ကြိမ်စိုက်ပျိုးပြီးလျှင် (၆-၇)နှစ် ဝန်းကျင်အထိအသုံးပြုနိုင်သည်။ ထွက်နှုန်းသည်လည်း နှစ်စဉ်တိုးတက်လျက်ရှိပြီး စိုက်ပျိုစရိတ် သက်သာခြင်းနှင့် ထွက်နှုန်းတိုးခြင်းစသည့် အကျိုးမြတ်များ ရရှိစေမည်ဖြစ်ပါသည်။ မြက်စိုက်ပျိုး ရာတွင် မွေးမြူရေးနှင့်တွဲဖက် လုပ်ကိုင်သူများအတွက် စိုက်ပျိုးရေးအကျိုးအမြတ်နှင့် မွေးမြူရေး အကျိုးအမြတ်များပါ ပူးတွဲရရှိစေမည်ဖြစ်ပါသည်။
သို့ပါသောကြောင့် နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် စားကျက်မျိုးများကို ဒေသအလိုက်၊ စိုက်ပျိုးမြေအမျိုးအစားအလိုက် အာဟာရတန်ဖိုး ကွာချက်များ၊ ထွက်နှုန်းများကို မှတ်တမ်းတင် မှုများ ပြုလုပ်လျက်ရှိပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရရှိလာသော အချက်အလက်များကို အခြေပြု၍ အစာနုကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားသော မွေးမြူမှုစနစ်မှ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာသော စားကျက်စိုက်ပျိုး မွေးမြူမှုစနစ်ဖြင့် မြန်မာနိုင်ငံ၏ နွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးလျက်ရှိသော စားကျက်မျိုးများကို ပူးတွဲဖော်ပြလျက် “စားကျက်စိုက်ပျိုးဝင်ငွေတိုး”စေလိုပါကြောင်းတင်ပြအပ်ပါသည်။