Image: 

မွေးမြူသူများဝင်ငွေတိုးဖို့ အသားတိုးနွားမွေးကြပါစို့

မတ်လ 12, 2020

မြန်မာနိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးဖြစ်သဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကကျွဲ၊နွားများဖြင့် ထွန်ယက်စိုက်ပျိုးခြင်းမှာ  အဓိကအရေးပါသော လုပ်ငန်းဖြစ်သည်။ စက်မှုလယ်ယာသို့မည်သို့ပင်ကူးပြောင်းစေကာမူ ခိုင်းကျွဲ၊နွားများကဏ္ဍမှာ အ ရေးပါနေဆဲဖြစ်သကဲ့သို့ အသားထုတ်လုပ်ရေးကဏ္ဍတွင်လည်း မရှိမဖြစ်အရေးပါလျက်ရှိပါသည်။ ထို့ကြောင့် ကျွဲ၊နွားများအား လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုနေသကဲ့သို့ မွေးမြူရေး အသားကဏ္ဍအတွက် အသားစား၊ အသားတိုးနွားများအဖြစ် မွေးမြူထုတ်လုပ်နိုင်ပါက စိုက်ပျိုးမွေး မြူသူများ  ဝင်ငွေတိုးစေမည်ဖြစ်ပေသည်။  ယခုအချိန် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင်၊ အိမ်နီးချင်းနိုင်ငံများသို့လည်း တရားဝင်ကျွဲ၊နွားများ တင်ပို့နေပြီဖြစ်သောကြောင့် အသား တိုးနွားများအတွက် ဈေးကွက်ရှိလာပြီဖြစ်သဖြင့် အသားတိုးနွားများအဖြစ် ပိုမိုမွေးမြူကာ  တင်ပို့နိုင် ပါကမွေးမြူသူများ ပိုမိုအကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ပေသည်။   ယခင်တရားမဝင်လမ်းကြောင်းများ မှ တစ်ဖက်နိုင်ငံသို့ ကျွဲ၊ နွားများတင်ပို့ရာတွင် အမှန်တကယ် မွေးမြူသူများမှ အကျိုးအမြတ်ရရှိမှု နည်းပါးပြီး မှောင်ခိုတင်သွင်းသူများသာ အမြတ်ရကြသည်။  တရားဝင်လမ်းကြောင်းမှ ကျွဲ၊  နွားများ တင်ပို့ခြင်းအားဖြင့် နိုင်ငံတော်အတွက် အခွန်လည်းရ မွေးမြူသူများလည်း ထိုက်သင့်သော အ ကျိုးအမြတ်လည်း ရရှိနိုင်မည်ဖြစ်ပေသည်။ ကျွဲ၊နွားများတင်ပို့ရာတွင် ဈေးကွက်တည်ငြိမ်မှုရရှိရန် အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

               မြန်မာနိုင်ငံ၏လူဦးရေသည် ၂၀၁၄ သန်းခေါင်စာရင်းအရ ၅၁.၅ သန်းရှိပါသည်။ ၂၀၁၈ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း အစီရင်ခံစာအရ ကျွဲ၊ နွားအရေ အတွက်စုစုပေါင်းသည် နွား  ၉.၆၅သန်း နှင့် ကျွဲ ၁.၈သန်းခန့်ရှိပါ သည်။ ယင်းတို့အနက် နွားထီး ၅.၁ သန်း နှင့် နွားမ ၄.၃ သန်းခန့် ရှိပါသည်။ ကျွဲတွင်လည်း ကျွဲထီး  ၀.၇ သန်း နှင့် ကျွဲမ ၁.၁ သန်းခန့်ရှိပါသည်။  လူတစ်ဦးချင်းအသားစားသုံးနိုင်မှုသည်  အာရှနိုင်ငံများတွင် အိန္ဒိယနိုင်ငံမှလွဲ၍ အနိမ့်ဆုံးဖြစ် သဖြင့် လူတိုင်းအဟာရပြည့်ဝရန်၊ ကလေးသူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ခန္ဓာကိုယ် သန်မာထွားကြိုင်း ရန်အတွက် အသားထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် အသားစား၊ အသားတိုး နွားများ ပိုမို မွေးမြူထုတ်လုပ်ရန် လိုအပ်ပေသည်။

           မြန်မာနိုင်ငံမှသင်တန်းသားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (2019 Training on-Myanmar-China Cross Boder Animals  Epidermic Management and Beef Cattle Breeding Techanology) သင်တန်းသွားရောက်တက်ခဲ့ရာတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် တယ်ဟုန်ပြည်နယ်ခွဲများတွင် အသားစားနွား မွေးမြူထုတ်လုပ်နေမှုအခြေအနေများ၊ တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်မှု၊ နယ်စပ်ဝင်ထွက်ကူးစက်ရောဂါ ကာကွယ်စစ်ဆေးထိန်းချုပ် မှု၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်မှုဉပဒေများ၊ ပြည်ပတိရစ္ဆာန်ကူးစက်ရောဂါ‌ထိန်းချုပ် မှုဧရိယာများ တည်ဆောက်ထားရှိမှု၊ အသားစားသုံးမှုလိုအပ်ချက်များကို လေ့လာတွေ့ရှိခဲ့ရပါ သည်။

          တရုတ်ပြည်သူသမ္မတနိုင်ငံသည် လူဦးရေသန်းပေါင်း ၁.၃၈ ဘီလီယန်ကျော်ရှိပြီး မြန်မာ နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ယူနန်ပြည်နယ်တွင် လူဦးရေ ၄၇.၇၁ သန်းကျော်ရှိပါ သည်။ ယူနန်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းများမှာ ဆေးရွက်ကြီးထုတ်လုပ်သည့်လုပ်ငန်း၊ ဇီဝအရင်း အမြစ်ဖော်ထုတ်ခြင်းလုပ်ငန်း (ဆေးဝါးထုတ်လုပ်မှု၊ အစိမ်းရောင်အစားအစာ၊ ပန်း၊ ကော်ဖီ၊ ဟင်းခတ်အမွေးအကြိုင်၊ နှင်းဆီပန်းနှင့် နှင်းဆီကိတ်မှုန့်ထုတ်လုပ်မှု)၊ ခရီးသွားလုပ်ငန်း များ၊ သတ္တုလုပ်ငန်းများ၊ ကျောက်မီးသွေးနှင့်ရေအားတို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စသည့် လုပ်ငန်းများ အဓိက လုပ်ဆောင်ပါသည်။ ထိုအပြင် ဇီဝဆေးဝါးနှင့်ကျန်းမာရေးလုပ်ငန်းများ၊ ခရီး သွားယဉ်ကျေးမှုလုပ်ငန်းများ၊ သတင်းအချက်အလက်ဆိုင်ရာလုပ်ငန်း၊ ခေတ်သစ်ကုန်စည်ပို့ဆောင် ရေးလုပ်ငန်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ယူနန်ပြည်နယ်၏ ရာသီဉတုအခြေအနေ၊ ကုန်းမြင့်ဒေသ၊ တောင်တန်းဒေသ အနေအထား၊ စားကျက်နှင့် အစားအစာရှားပါးမှု၊ အလုပ်ကြမ်းသမားရှားပါးမှု စသည့်ပြဿနာ များကြောင့် မွေးမြူထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ပြည်ပမှ ကျွဲ၊ နွားများ တင်သွင်းလာသော စရိတ်သည် ပိုမိုသက်သာသဖြင့်  မြန်မာနိုင်ငံမှ ကျွဲ၊ နွားများတင်သွင်းရန်  လိုအပ်လျက်ရှိနေပါသည်။

          တရုတ်ပြည့်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်တွင် အသားစားကျွဲ၊ နွားအရေအတွက်သည် ၂၀၁၈ ခုနှစ်တွင် ခြံရှိကောင်ရေ (၈၅.၁၆သိန်း) ခန့်ရှိပြီး သားသတ်ကောင်ရေ (၃၃.၄) သိန်း၊ အသား ထုတ်လုပ်မှုမှာ တန်ချိန် (၄.၀၈) သိန်း ရှိသည်။ အမဲသားဈေးနှုန်းများသည် ၁kg လျင် ၆၇.၉ ယွမ်      (၁၄၀၀၀ ကျပ် ခန့်) မှ အကောင်းဆုံးအမဲသား  Marbled အမဲသားမှာ ၃၀၀၀ ယွမ် (၆ သိန်း ကျပ်) ခန့်အထိရှိပါသည်။ လက်ရှိတရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အဆင့်မြင့် Marbled အမျိုးအစား အမဲ သားထုတ်လုပ်သည့်ကုမ္ပဏီပေါင်း (၂၀) ကျော်ရှိသည်။ Marbled အသား အနိမ့်ဆုံးအဆင့် A သည် ၁ Kg လျင် ၆၀၀ ယွမ် (၁၂၅၀၀၀ ကျပ် ခန့်) မှ အကောင်းဆုံးအသား A4 , A5 အသားများသည် ၃၀၀၀ ယွမ် ( ၆သိန်းကျပ် ) ခန့်ရှိသည်။

ယူနန်ပြည်နယ်တွင် Greenland Animal Science Institute သည် ၂၀၀၈ ခုနှစ်မှစတင် ၍ Brahman, Mithun (Gayal or Bos Frontails), Yunan နွားဝါသုံးမျိုးစပ် ( BMY ) နွားဖြင့် အသားစားနွားအမျိုးအစား  YUN LING Cattle ( ယွီလင်နွားမျိုး ) ဖြင့် ( ရွှဲဟွားအမဲ သား ) Marbled အမဲသားများကို ထုတ်လုပ်ခဲ့ပါသည်။ ယူနန်ပြည်နယ်တစ်ခုလုံးတွင် ကူမင်း၊ တယ်ဟုန်၊ ချူးရှုံ စသည့် ၃ နေရာတွင်သာ အရည်အသွေးမြင့်အမဲသားနှင့် အဆင့်မြင့် Marbled အမဲသား များကို သားသတ်ထုတ်လုပ်ကာ သားသတ်ကောင်အရေအတွက်သည် တစ်နှစ်လျင် ပျမ်းမျှ ၅၀၀ ကောင်ခန့်ရှိပြီး ထုတ်လုပ်မှုမှာ တန် ၂၀ ကျော်ရှိပါသည်။ တယ်ဟုန်ပြည်နယ်ခွဲတွင် Ying Rui ကုမ္ပဏီတစ်ခုတည်းသာ Marbled အမဲသား ထုတ်လုပ်နိုင်သည်။ ယခုအချိန်အထိ (၂၀၁၁-၂၀၁၉ ) Marbled အမဲသား ထုတ်လုပ်သော စုစုပေါင်းနွားကောင်ရေ (၃၀၀)ကျော် မွေးမြူထားရှိပြီး ကောင်ရေ (၁၂၀) ကျေိာ် သားသတ်ထုတ်လုပ်၍ အသားထုတ်လုပ်မှုတန်ချိန်  (၅)တန်ခန့်ရှိကာ ကောင်ရေ (၁၈၀)ကျော် မွေးမြူရန်ရောင်းချထားပြီး ဖြစ်ပါသည်။ အခြားနွား အမျိုးအစားနွားများ ဖြစ်သော Xue Long Black Cow, Japanese Wagyu beef နွားမျိုးမှလည်း Marbled အမဲသား များ ထုတ်လုပ်ရန် ဆောင်ရွက်လျှက်ရှိ ပါသည်။

          အရည်အသွေးမီ အဆင့်မြင့် Marbled အမဲသားထုတ်လုပ်မှု၏ ကုန်ကျစရိတ်မှာ နွားတစ် ကောင်လျင်-

  1. နို့ပြတ်ပြီးနွားငယ် ( ၆ လ ) -ယွမ် ၁ သောင်းနှင့်အထက် ( ကျပ်၂၁ သိန်းကျော်)
  2. နွားစာ - ၁.၃ သောင်း ( ကျပ် ၂၆ သိန်းကျော်)
  3. စီမံခန့်ခွဲမှုစရိတ် ( လုပ်အား၊ ရေ၊ မီး၊ ကာကွယ်ဆေး၊ အဆောက်အဦး )- ယွမ် ၀.၄ သောင်း ( ကျပ် ၈.၆သိန်း )ခန့်
  4. အခြားစရိတ်- ယွမ် ၀.၂‌ သောင်း ( ကျပ် ၄ သိန်းကျော် )

ထိုကြောင့် စုစုပေါင်းကုန်ကျစရိတ်သည် နွားတစ်ကောင်လျင် ယွမ် ၃ သောင်းအထက်  (ကျပ် ၆၅သိန်းခန့် ) ကုန်ကျပါသည်။

ပုံမှန်အခြေအနေတွင် နွားအသက် (၂၈-၃၂)လထိမွေးပြီး ကိုယ်အလေးချိန် ၆၀၀ Kg အထက် ရောက်သည့်အချိန်မှသာ ရောင်းချသည်။ ရောင်းဈေးတစ်ကောင်လျင် ယွမ် ၄ သောင်း( ကျပ် သိန်း ၈၀ ဝန်းကျင် ) ရောင်းချနိုင်သည်။ အချို့နွားများသည် ယွမ်‌ငွေ  ၅-၆ သောင်းခန့်ထိ ရရှိသည်။ ၎င်းMarbled အမဲသားရရှိရန်အတွက် ၎င်းနွားအား ဘီယာတိုက်ခြင်း၊ နိပ်နယ်ပေးခြင်း၊ စားအုန်း ဆီများ အစာနှင့် ရောကျွေးခြင်းများ လုပ်ဆောင်ပေးခြင်းဖြင့် အသားတွင်းတွင် အဆီများရောနှော ပါဝင်ခြင်းကြောင့် နူးညံ့ပြီး အရည်အသွေးကောင်းမွန်သော Marbled အမဲသားကိုရရှိမည် ဖြစ်ပါ သည်။ သို့သော် Marbled အမဲသားထုတ်လုပ်ရာတွင် ပုံမှန်အားဖြင့် အရှုံးပေါ်သည်။ အဘယ် ကြောင့်ဆိုသော် Marbled အမဲသားမဖြစ်သည့်အသားမှာ အသားထုတ်ကုန်စုစုပေါင်း၏ ၈၀ ရာခိုင် နှုန်းခန့်ရှိနေပြီး နွားတစ်ကောင်တွင် Marbled အမဲသား ၄၀Kg ခန့်သာ ရရှိပေသည်။ ၎င်းတို့ Marbled အမဲသားမှ A4, A5 အကောင်းဆုံးအဆင့် Marbled အမဲသားမှာ နွားတစ်ကောင်လုံးမှ ၁၀ Kg ခန့်သာ ရရှိသည်။ မွေးမြူထားသောနွားများ၏ (၃၀) ရာခိုင်နှုန်းခန့်သည်လည်း Marbled အမဲသားများ ဖြစ်ပေါ်ခြင်း မရှိကြပေ။ သို့သော် ခေါင်းဆောင်များမှ အလေးထားအားပေးသော ကြောင့် Marbled အသားစားနွား မွေး မြူရေးလုပ်ငန်းဖွံ့ဖြိုးရေးသည် မျှော်လင့်ချက်ရှိသည်။

          မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ကျွဲ၊ နွားအရှင်များ တရားဝင်တင်ပို့ရောင်း ချရာတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာအထိ နွားကောင်ရေ ( ၅၂၀၁၄၅ )၊ ကျွဲကောင်ရေ  ( ၅၉၇၇၀) ကောင်  စုစုပေါင်းကောင်ရေ ( ၅၈၀၀၁၅ )ကောင် တင်ပို့ခဲ့ပြီး ကျပ်သန်းပေါင်း ( ၅၈၀၀ ) ဝင်ငွေ ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ကျွဲ၊ နွားအရှင်များတင်သွင်းရာတွင် ခွာနာ၊ လျှာနာရောဂါ ကင်းရှင်းရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးလိုအပ်လျက်ရှိပါသည်။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် စားသုံးရန် အမဲသားလိုအပ်ချက်ကြောင့် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ အမဲသားများ၊ ကျွဲ၊ နွားအရှင်များ တင်သွင်းခဲ့သည်။ နေ့စဉ် မြင့်မားလျက်ရှိသည့် လိုအပ် ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက်  တင်သွင်းမှုလိုအပ်ချက် မြင့်မားလျက်ရှိသည်။ တယ်ဟုန်ပြည်နယ်ခွဲ၊ ရွှေလီမြို့တွင် ကောင်ရေ ( ၅၀၀,၀၀၀ )ဆန့် သားသတ်ရုံအား ရင်းနှီးမြှပ်နှံ မှု  ( ဒေါ်လာ သန်း ၁၀၀ ) ဖြင့်လည်းကောင်း၊ ရွှေလီမြို့ဆိပ်ကမ်း နွံ့သောင်း( Nong Dao)တွင် ရောဂါကင်းရှင်းဇုန်၊ ဆစ်ဆောင်ပဏ္ဏားတွင်လည်း ကောင်ရေ (၁၀၀,၀၀၀) ဆန့် သားသတ်ရုံ၊ ရောဂါ ကင်းရှင်းရေးဇုံများ၊ တယ်ဟုန်ပြည်နယ်ခွဲ ရှမ်းနှင့်ဂျိန်းဖော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်စီမြို့ တွင်လည်း နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးCenterများ၊ အသားစားနွားတင်သွင်း မှုစစ်ဆေးရေးဌာန၊ ကာကွယ်ထိန်းချုပ်မှုသီးသန့်နေရာများ၊ ဓာတ်ခွဲခန်းများဖြင့် တင်သွင်းလာသော တိရစ္ဆာန်များအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။

          မြန်မာနိုင်ငံတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တိရစ္ဆာန်ရောဂါရပ် နား၊ စောင့်ကြည့်၊ စစ်ဆေးရေးစခန်း ( Animal Quarantine Station )ကို ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ် ခဲ့ပြီး ရောဂါဖြစ်ပွားမှုအား စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် တရုတ်ဖက်မှ ၎င်း (AQS) စခန်းသည် တရုတ်ပြည်နယ်စပ်နှင့်ဝေးကွာခြင်း၊ ကူးစက်ရောဂါကင်းစင်မှုနယ်ပယ် (Disease Free Zone) တရားဝင်ပိုင်းခြားသတ်မှတ်ရန် လိုအပ်လျက်ရှိခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီမှုရှိသော ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်မှုဌာနများ တရားဝင်လုပ်ဆောင်၊ တည်ဆောက် မှုမရှိခြင်း စသည့်အချက်များ ဆောင်ရွက်ပေးစေလိုကြောင်း သိရှိခဲ့ရပါသည်။    

ထို့ကြောင့် မြန်မာနိုင်ငံမှ ကျွဲ၊ နွားမွေးမြူသူများသည် အသားတိုးနွားများအားမွေးမြူရာ တွင် စနစ်တကျအဆင့်မြင့်စွာမွေးမြူခြင်း၊ ရောဂါကင်းရှင်းရေးအတွက် ကာကွယ်ဆေးပုံမှန်ထိုးခြင်း၊ ကျန်းမာ ရေးနှင့်အညီ အစာအဟာရပြည့်စုံအောင်ကျွေးမွေးခြင်း၊ အစားအစာများရှားပါးချိန်တွင် အခက်အခဲ မရှိစေရန်အတွက် အစာများကြိုတင်သိုလှောင်ထားခြင်း၊ (Silage) မြက်ချဉ်ဖတ်ပြုလုပ်ထားခြင်း၊ သားထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်ရရှှိနိုင်ရန်နှင့် ပြည်ပသို့တင်ပို့သော ကျွဲ၊ နွားများ အ စားထိုးရန်အတွက် သဘာဝနည်း၊ မေထုန်မဲ့နည်းများဖြင့် သားစပ်ကာ စံချိန်စံနှုန်းမှီသောကျွဲ၊ နွားများကိုထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှု အသားကဏ္ဍ ဖြည့်စုံ၊ ဖူလုံရုံတင်မက ပြည်ပသို့ တင်ပို့ရောင်းချခြင်း၊ ဈေးကွက်တည်ငြိမ်ခိုင်မာစေရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မွေး မြူထုတ်လုပ်သူများ ဝင်ငေွတိုးတက်ကာ လူနေမှုအဆင့်အတန်းမြင့်မားနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင် မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်