ပိုးသတ်ဆေးဖြန်းလျင် ရောဂါများကိုကာကွယ်နိုင်ပါသလား

နိုဝင်ဘာလ 17, 2020

ယနေ့ခေတ်ကာလ ကမ္ဘာတစ်ဝန်း၌ အသား၊ နို့၊ ဥစားသုံးမှုနှုန်းမှာ တစ်စတစ်စ တိုးတက်များပြားလာသည်နှင့်တစ်ပြိုင်တည်း မွေးမြူထုတ်လုပ်ရေး လုပ်ငန်း များလည်း တစ်နေ့တစ်ခြားတိုးတက်ပြောင်းလဲလာပါသည်။ ထို့အတူ တိရစ္ဆာန်ကူးစက်ရောဂါများဖြစ်ပွားနှုန်းနှင့် ကျွန်ုပ်တို့စားသုံးသော အစားအစာများတွင် ရောဂါပိုးမွှားများတွေ့ရှိရနှုန်းမှာ ပိုမိုများပြားလာပါသည်။ ပြည်သူ့ကျန်းမာရေးရှုထောင့်မှကြည့်ပါက ကူးစက်သော ရောဂါများ၏ အနည်း ဆုံး ၇၅ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မှအစပြုခြင်းဖြစ်ပြီး လူသားများတွင်ဖြစ်ပွားစေသော ရောဂါများ၏ ၆၀ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မှလူသို့ကူးစက်ကြောင်း၊ ထို့အပြင် လူသားများတွင် တစ်နှစ်လျင် ရောဂါအသစ် ၅ ခုဖြစ်ပွားပြီး ၎င်းတွင်မှ ၃ ခုမှာ တိရစ္ဆာန်မှအစပြုကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့- OIE (World Organization for Animal Health) က ဆိုထားပါသည်။

ထို့အပြင် အစားအစာများမှတစ်ဆင့် လူသားများသို့ ကူးစက်သော အတွေ့ရအများဆုံး ဘက်တီးရီးယားရောဂါများတွင်  Salmonellosis သည် တစ်ခု အပါ အဝင်ဖြစ်ပြီး ဆယ်လ်မွန် နဲလား ဘက်တီးရီးယား (Salmonella bacteria ) မျိုးစိတ်များတွင်မှ လူသား များသို့ အဓိကဒုက္ခပေးသော မျိုးစိတ် (၂) မျိုး မှာ Salmonella Enteritidis နှင့် Salmonella Typhimurium တို့ဖြစ်ကြောင်း ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့- OIE (World Organization for Animal Health)က ဆိုထားပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် လေ့လာ စမ်းသပ်မှု တစ်ခုအရ လူသားများတွင် ဖြစ်ပွားသော Salmonellosis သည် ၉၅ ရာခိုင်နှုန်းခန့် ရှိပြီး ကြက်သား၊ ဝက်သားနှင့် အမဲသား စသည့် တိရစ္ဆာန်ထွက်ပစ္စည်းများ စားသုံးမှုများနှင့် ဆက်စပ်လျက်ရှိ ကာ ကြက်သားတွင် ၁၈.၈ မှ ၃၀.၃ ရာခိုင်နှုန်း၊ ဝက်သားတွင် ၁.၅ မှ ၂၁ ရာခိုင်နှုန်း၊ အမဲသား တွင် ၁.၂ မှ ၂ ရာခိုင်နှုန်း ဖြစ်ပါသည်။

ထို့ကြောင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ဇီဝလုံခြုံမှု လုပ်ငန်းများမှာ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် ညီမှသာ လူသားများအတွက် ဘေးကင်းပြီး အာဟာရပြည့်ဝသော မွေးမြူရေးထုတ်ကုန်များကို ထုတ် လုပ်နိုင်မည်ဖြစ်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသကဲ့သို့ ကုန်ကျစရိတ်သက်သာသည့်အပြင် ရောဂါကာကွယ် ထိန်းချုပ်ရေးတွင် ပိုမိုထိရောက် အကျိုးရှိပါသည်။ ထို့ကြောင့် ထုတ်လုပ် ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် လည်းကောင်း ထိရောက်သော သန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖြန်းခြင်း (Effective Cleaning and Disinfection) သည် အလွန်အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။

ဈေးကွက်အတွင်းတွင် အမည်အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသော ပိုးသတ်ဆေးများသည် ၎င်းတို့၏ဖော်မြူလာနှင့် ပါဝင်ပစ္စည်းများအလိုက် အာနိသင်များမှာ မတူကွဲပြားပါသည်။ ထို့ကြောင့် မည်သို့သောအခြေအနေ၊ မည့်သည့်နေရာ၊ မည်သည့် ရောဂါပိုး အမျိုးအစားများအတွက် မည်သို့သော ပိုးသတ်ဆေးအမျိုးအစားများကို သုံးရမည်ဆိုသောအချက်တို့ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ထို့အပြင် မည့်သည့်ပိုးသတ်ဆေး အမျိုးအစားကို သုံးသည်ဖြစ်စေ ပိုးသတ်ဆေးဖြန်းမည့် အရာဝတ္ထုများအားလုံးကို သေချာစွာစိမ်ခြင်း၊ဆေးခြင်း၊သန့်ရှင်းရေးပြုလုပ်ခြင်းများကို ဦးစွာပြုလုပ်ပြီးမှသာ ပိုးသတ်ဆေးဖြန်းခြင်းကို ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း OIE ၏ လမ်းညွှန်ချက်တွင် ဖော်ပြထားပါသည်။ သို့သော် ပိုးသတ်ဆေး၏ပြင်းအား (Concentration)၊ ထိတွေ့စေသောအချိန် (Contact time)၊ အညစ်အကြေးပါဝင်မှုအခြေအနေ (Organic load)၊ ပတ်ဝန်းကျင်အပူချိန် (Temperature) နှင့် ချဉ်ငံနှုန်း (pH) စသည့် ပတ်ဝန်းကျင်အပြောင်းအလဲများသည် ပိုးသတ် ဆေးဖြန်းခြင်း (Disinfection) ၏ အကျိုးအာနိသင်ကိုပြောင်းလဲစေပါသည်။ ထို့အပြင် ပိုးသတ်ဆေးတစ်မျိုးသည် ဖျော်စပ်ပြီးပါက အချိန်ကာလ (Lifespan) မည်မျှအတွင်းထိသာ အာနိသင်ရှိသည်ဆိုသောအချက်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး ဖျော်စပ်ပြီးအချိန် ကာလကြာသည်အထိ သုံးစွဲပါက အကျိုးအာနိသင်ရှိမည် မဟုတ်ပေ။

စာရေးသူသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ တောင်ကိုရီးယားနိုင်ငံ ကွန်းကုတက္ကသိုလ်၌ မဟာဘွဲ့အတွက် ပိုးသတ်ဆေး(၄)မျိုးကို ဖျော်စပ်ပြီး အညိုရောင်ဖန်ပုလင်း နှင့် ပလက်စတစ်အကြည်ပုလင်းထဲထည့်ကာ (၄၈)ရက်ထားရှိပြီး ရက်အလိုက် ပါဝင်ပစ္စည်းများ ပြောင်းလဲမှုများလေ့လာခြင်းနှင့် ၎င်းတို့၏ အာနိသင်ကို ထိတွေ့စေသောအချိန် (Contact time) ၁၅ မိနစ်ဖြင့် Salmonella Typhimurium ကိုအသုံးပြုပြီး သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။

ဖျော်စပ်ပြီးနောက် ပိုးသတ်ဆေးများ၏ ပါဝင်ပစ္စည်းများပြောင်းလဲမှု

  Citric acid (CA)သည် Organic matter condition (မသန့်ရှင်းသောအခြေအနေ) တွင် ပလပ်စတစ်အကြည်ပုလင်းထဲတွင်ထည့်ပြီး အမိုးအကာ မရှိသောနေရာ၌ ထားပါက (၆)ရက် နောက်ပိုင်းတွင် ပါဝင်ပစ္စည်းများ (Active ingredients) မှာသိသာစွာကျဆင်း ကြောင်းတွေ့ရှိရပါသည်။ Sodium dichloroisocynurate (NaDCC) သည် မသန့်ရှင်းသော အခြေအနေတွင် ပလပ်စတစ်အကြည်ပုလင်း ထဲတွင်ထည့်ပြီး အမိုးအကာမရှိသောနေရာ၌ ထားရှိပါက (၁၂)ရက် နောက်ပိုင်းတွင်လည်းကောင်း၊ Hard water condition (သန့်ရှင်း သောအခြေအနေ)တွင် ပလပ်စတစ်ပုလင်းထဲတွင်ထည့်ပြီး အမိုးအကာရှိသောနေရာတွင် ထားရှိပါက (၂၄) ရက် နောက်ပိုင်းတွင်လည်းကောင်း၊ အမိုးအကာမရှိသောနေရာတွင်  ထားရှိပါက (၆)ရက် နောက်ပိုင်းတွင် လည်းကောင်း ပါဝင်ပစ္စည်းများမှာ သိသာစွာကျဆင်းကြောင်း တွေ့ရှိရပါသည်။ Hydrogen peroxide plus peracetic acid (HPO+PAA) သည် မသန့်ရှင်းသော အခြေအနေတွင် ပလပ်စတစ်အကြည်ပုလင်းထဲတွင်ထည့်ပြီး အမိုးအကာ ရှိသောနေရာတွင် ထားရှိပါက (၁၂)ရက် နောက်ပိုင်းတွင်လည်းကောင်း၊ အမိုးအကာမရှိသော နေရာ၌ ထားရှိပါက (၆) ရက် နောက်ပိုင်းတွင် လည်းကောင်း၊ သန့်ရှင်းသောအခြေအနေတွင် အညိုရောင်ဖန်ပုလင်းနှင့် ပလပ်စတစ် အကြည်ပုလင်းများအတွင်းရှိ ပါဝင်ပစ္စည်းများမှာ ဖျော်စပ်ပြီးနောက်ပိုင်း တောက်လျှောက်သိသာစွာ ကျဆင်းကြောင်းတွေ့ရှိရပါသည်။ Glutaraldehyde (GA) သည် မသန့်ရှင်းသောအခြေအနေတွင် ပလပ်စတစ်အကြည် ပုလင်း ထဲတွင်ထည့်ပြီး  အမိုးအကာ မရှိသောနေရာ၌ ထားရှိပါက (၂၄)ရက် နောက်ပိုင်းတွင် လည်း ကောင်း၊ သန့်ရှင်းသောအခြေအနေ တွင် အညိုရောင်ဖန်ပုလင်းနှင့် ပလပ်စတစ် အကြည် ပုလင်းများအတွင်းရှိ ပါဝင်ပစ္စည်းများမှာ ဖျော်စပ်ပြီးနောက်ပိုင်း တောက်လျှောက် သိသာစွာ ကျဆင်းကြောင်း တွေ့ရှိရပါသည်။

ဖျော်စပ်ပြီးနောက် Citric acid ၏ အာနိသင်များပြောင်းလဲမှု

မသန့်ရှင်းသောအခြေအနေ၌ အမိုးအကာရှိသောနေရာရှိ အညိုရောင်ဖန်ပုလင်းများ နှင့် ပလပ်စတစ်အကြည်ပုလင်းများတွင် ထည့်ထားသော CA (125,000 ppm) သည် ဖျော်စပ် ပြီး (၁၂) ရက်ကြာသည် အထိ Salmonella Typhimurium ကို 4Log reduction (99.99%) ကျော်သည်အထိ သတ်နိုင်သော်လည်း အမိုးမကာမရှိသောနေရာရှိ ပလပ်စတစ်အကြည် ပုလင်းများတွင်မူဖျော်စပ်ပြီး(၃)ရက်အထိသာ အာနိသင်ရှိကြောင်းတွေ့ရှိရပါသည်။ သန့်ရှင်းသော အခြေ အနေ၌ အမိုးအကာရှိသောနေရာရှိ အညိုရောင်ဖန်ပုလင်းများ နှင့် ပလပ်စတစ် အကြည်ပုလင်းများတွင် ထည့်ထားသော CA (125,000 ppm) သည် ဖျော်စပ်ပြီး (၄၈)ရက် ကြာသည်အထိလည်းကောင်း၊ အမိုးအကာမရှိသောနေရာရှိ ပလပ်စတစ်အကြည် ပုလင်းတွင် မူဖျော်စပ်ပြီး (၂၄)ရက်အထိလည်းကောင်း အာနိသင် ရှိကြောင်း တွေ့ရှိရပါသည်။

(က) မသန့်ရှင်းသောအခြေအနေ

      

(ခ) သန့်ရှင်းသောအခြေအနေ

    

ဖျော်စပ်ပြီးနောက်  Sodium dichloroisocynurate ၏ အာနိသင်များပြောင်းလဲမှု

နေရာ(၂)ခုစလုံးတွင် သန့်ရှင်းသောခြေအနေရှိ NaDCC (55.6 ppm) ထည့်ထားသော ပုလင်း (၂)မျိုးစလုံးနှင့် မသန့်ရှင်းသောအခြေအနေရှိ NaDCC (4,000 ppm) ထည့်ထားသော ပုလင်း (၂)မျိုးစလုံးသည် ဖျော်စပ်ပြီး (၄၈)ရက်ကြာသည်အထိ Salmonella Typhimurium ကိုသတ်နိုင်ကြောင်း တွေ့ရှိရပါသည်။

(က) မသန့်ရှင်းသောအခြေအနေ