Image: 

မွေးမြူရေးတိရစ္ဆာန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်

ဧပြီလ 25, 2019

                                                                                                       

၁။      တိရစ္ဆာန်များအား အပူချိန်မြင့်သောအချိန်တွင် အရိပ်ရရှိသောနေရာများ၌ ထားရှိရန်နှင့်နံနက်၊ ညနေမှသာ လွှတ်ကွင်းသို့လွှတ်ရန်၊

၂။      မိမိမွေးမြူထားသော တိရစ္ဆာန်များအတွက် သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင်စုဆောင်းရန်နှင့် လေလွင့်ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ထားရန်၊

၃။      ပူပြင်းသောဒဏ်ကို ကာကွယ်ရန်အတွက် ရေဓါတ်ပါသော အစားအစာများကို ဖြည့်စွက် ကျွေးမွေးရန်၊

၄။      တိရစ္ဆာန်များပြောင်းရွှေ့ရန် လိုအပ်ပါက သောက်သုံးရေရရှိနိုင်ပြီး အပူဒဏ်မှကာကွယ် နိုင်သော နေရာများစီစဉ်ထားရှိရန်၊

၅။      ကျေးလက်ဒေသအတွင်း ကျွဲ၊ နွားများအတွက် အစာဖြစ်သည့် ကောက်ရိုး၊ မြက်စို၊ မြက်နု စသည့် တိရစ္ဆာန်အစာများအား အပူဒဏ်မှကာကွယ်နိုင်ရေးအတွက် စနစ်တကျ ကြိုတင် သိမ်းဆည်းထားရန်၊

၆။      တိရစ္ဆာန်များအား ကူးစက်ရောဂါမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ဆေးများ ထိုးနှံထားရန်၊

၇။  ယခုအချိန်တွင် ဒေသအလိုက်ထွက်ရှိသော တိရစ္ဆာန်အစာအဖြစ်အသုံးပြု၍ရသည့် ပစ္စည်း များအား စုဆောင်းသိုလှောင်ထားကြရန် (ဥပမာ- ထန်းသီခွံ၊ ကြံသကာ၊ ကျိတ်ဖတ်များ၊ ထန်းလျက်/ ကြံရည်ချက်ရာမှထွက်ရှိသော ဘေးထွက်ပစ္စည်းများ)၊

၈။      တိရစ္ဆာန်မွေးမြူထားရှိသောခြံနှင့် အစာသိုလောင်ထားသောနေရာတွင် မီးဘေး အန္တရာယ် ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲနှင့် ရေးပုံးများထားရှိရန်၊

၉။      ထူးခြားသောဖြစ်စဉ်များရှိပါက သက်ဆိုင်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန