မွေးမြူရေးကဏ္ဍနှင့်ဆက်စပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ် (ESMP) နှင့်ပတ်သက်၍ ပြည်သူများထံမှ သဘောထားမှတ်ချက်တောင်းခံခြင်း

ဖေဖေါ်ဝါရီလ 13, 2020

မြန်မာနိုင်ငံတွင်း ကျွဲနွားတိရစ္ဆာန်များ အထွက်တိုးစေရန်အတွက် မေထုန်မဲ့သားစပ်မှု ( Artificial Insemination Service) အား တိုးမြင့်ဆောင်ရွက်ခြင်းနှင့်

သဘာဝသားစပ်မှုအား အဆင့်မြှင့်တင်ခြင်း ( Artificial Insemination & Natural Breeding ) လုပ်ငန်း

ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် ( ESMP)

 

စီမံကိန်းလုပ်ငန်းခွဲ အကြောင်းအရာ

ဤစီမံကိန်း လုပ်ငန်းခွဲသည် မြန်မာနိုင်ငံရှိ ရွေးချယ်ထားသော စိုက်ပျိုးဂေဟဇုန်များတွင် ဦးတည် တန်ဖိုးမြှင့်တင်မှု ကွင်းဆက်များ၏ စျေးကွက်ယှဉ်ပြိုင်နိုင်မှု အားကောင်းစေရန်နှင့် စိုက်ပျိုးရေး ထွက်ကုန်များတိုးမြှင့်ခြင်းနှင့် အမယ်စုံစိုက်ပျိုးစေခြင်းစသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် NFASP  စီမံကိန်းအောက်တွင်ပါရှိသည်။ ဤစီမံကိန်းသည် ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅နှစ်တိုင်တိုင် ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅,၀၀၀,၀၀၀ အထိ သုံးစွဲ သွားမည်ဖြစ်သည်။ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန (LBVD) သည် ဤစီမံကိန်း လုပ်ငန်းခွဲကို စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်ရှိ ထီးဆောင်းမျိုးထိန်းမျိုးပွားနှင့် သုတေသနခြံတွင် အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး (က) မေထုန်မဲ့ သားစပ်မှုအား တိုးမြှင့်ဆောင်ရွက်ခြင်း၊ (ခ) စနစ် တကျ သဘာဝသားစပ်ခြင်းဖြင့် အရည်အသွေးမြင့် နွားမျိုးများတိုးပွားလာစေခြင်း နှင့် (ဂ) အရည် အသွေးကောင်းရောဂါကင်းစင်သည့် မွေးမြူကောင်ရေတိုးပွားစေခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

မေထုန်မဲ့သားစပ် ထုတ်လုပ်ခြင်း (AI) ပြုလုပ်နိုင်ရန် နိုက်ထရိုဂျင်အရည်ထုတ်လုပ်သည့် စက်ရုံ တစ်ရုံ ၊ မျိုးရည်ခဲချောင်း ထုတ်လုပ်သည့် အဆောက်အဉီတစ်ခု၊ မေထုန်မဲ့သားစပ် AI သင်တန်း ကျောင်း(၂) ကျောင်းနှင့် မွေးမြူရေးခြံ ၆ ခြံကို သီးခြားတည်ဆောက်လုပ်ဆောင်မည်။ ထို့အပြင် ဤစီမံကိန်း လုပ်ငန်းခွဲတွင် မျိုးရည်ခဲချောင်း ဓါတ်ခွဲခန်းကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။ 

 

 

                                                                   ပုံ-၁ ။ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ရှိ ထီးဆောင်းခြံ ပြမြေပုံ (၂၈၅ ဧက)

ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုဖြစ်နိုင်ခြေ အလားအလာများ

ဤစီမံကိန်း လုပ်ငန်းခွဲသည် ရည်ရွယ်ချက်ကောင်းများဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ထင်ရှားသည့်နည်းတူမေထုန်မဲ့သားစပ်နည်းပညာကို အသုံးပြု၍ ကျွဲနွားတိရစ္ဆာန်များ ထုတ်လုပ် မွေးမြူခြင်းဖြင့် အစားအစာဖူလုံမှု တိုးမြင့်လာခြင်း ၊ ကျွဲနွားတိရစ္ဆာန်များ မွေးမြူခြင်းကြောင့် ဒေသန္တရ စီးပွားရေးတိုးတက်ကောင်းမွန်လာခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း စသဖြင့် လူမှုရေးအရ တိုက်ရိုက် နှင့် သွယ်ဝိုက် အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်။ ဤစီမံကိန်း လုပ်ငန်းခွဲသည် သိသာထင်ရှားသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေမည် မဟုတ်ပါ။ သို့ရာတွင် အချို့သော လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု (လေထုညစ်ညမ်းခြင်း၊ ရေထု ညစ်ညမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများ၊ အနံ့ဆိုးများနှင့် မြေထုညစ်ညမ်းမှုများ) အနည်းငယ် ဖြစ်နိုင် ခြေရှိ သကဲ့သို့ ၊ စီမံကိန်းလုပ်ငန်း တစ်ခုချင်းစီ၏ သဘောသဘာဝနှင့် ပါဝင်လုပ်ငန်းများကြောင့် လူမှုရေးအရ သက်ရောက်မှု (အလုပ်သမား ကျန်းမာရေးနှင့် ဘေးကင်း ရေး(OHS), လူမှုအသိုင်းအဝိုင်းကျန်းမာရေး နှင့်ဘေးကင်းရေး (CHS)) နှင့် ကျွဲနွား တိရစ္ဆာန် သုံးဆေးဝါးများ စွန့်ပစ်ပစ္စည်း၊ ဓာတုမြေဩဇာ ၊ မွေးမြူရေးခြံတည်ဆောက်ခြင်း လုပ်ငန်းများ၊ နိုက်ထြိုဂျင်အရည် (LN2) အသုံးပြုရသည့်အတွက် ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အရေးပေါ်/မတော်တဆ ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ခြေများ (မီးလောင်မှု၊ ပေါက်ကွဲမှု၊ အအေးဓါတ် လွန်ကဲမှုနှင့် အောက်ဆီဂျင်ပြတ်တောက်ခြင်း) စသည်တို့ ဖြစ်ပေါ် နိုင်ခြေရှိပါသည်။  အကျိုးဆက် အနေဖြင့် (က) ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် အကျိုးသက်ရောက်မှုများ ၊ (ခ) ကျွဲနွားတိရစ္တာန်မွေးမြူရေးခြံမှ စွန့်ပစ်အညစ်အကြေးများ ၊ (ဂ) အနံ့ဆိုးများ (ဃ) နိုက်ထြိုဂျင်အရည် (LN2) ထုတ်လုပ်သည့်စက်ရုံမှ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေး ဆိုင်ရာ ထိခိုက်နိုင်ခြေများ၊ (င) လေထုအရည်အသွေး စသည်တို့သည်အရေးပါသည့် ပတ်ဝန်းကျင် နှင့်လူမှုဆိုင်ရာ ထည့်သွင်း စဉ်းစား ရမည့် အချက်များဖြစ်သည်။

ဘေးအန္တရာယ်လျှော့ချခြင်း နည်းလမ်းများကိုအသုံးပြုခြင်း

အထက်တွင်ဖော်ပြခဲ့သော အကျိုးသက်ရောက်မှုများအား အခြေခံ၍ အောက်ဖော်ပြပါ ကြိုတင်တားဆီး ကာကွယ်ရေး နည်းလမ်းများ/ပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်အစီအမံများ ကို လုပ်ဆောင်ရန် လိုအပ်သည်။ ယင်းတို့မှာ - (က) ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ECoPs များကို လိုက်နာကာ (ကန်ထရိုက်တာ ESMPတွင် ထည့်သွင်းထားခြင်း) နှင့် (ခ) ESMP တို့ဖြစ်ကြသည်။ လက်ရှိရရှိထားသော သတင်းအချက်အလက်များအရ ဤစီမံကိန်း လုပ်ငန်းခွဲ နှင့် အကောင် အထည်ဖော်သည့် ဧရိယာမှာ ပိုးမွှားကာကွယ်နှိမ်နင်းရေးအစီအစဉ် (PMP)၊ ပြန်လည် နေရာချထားရေး အစီအစဉ်(ARAP)  နှင့် ဌာနေတိုင်းရင်းသားလူမျိုးများပါ၀င်အစီအစဉ် (EPP) ကဲ့သို့ ထပ်လောင်း စီမံချက်များ  ပြုလုပ်ရန် မလိုအပ်ဟု ယူဆသော်လည်း စီမံကိန်းမစတင်မီ အသေးစိတ် ပြန်လည် စိစစ်မည် ဖြစ်ပါသည်။ ဤ ESMP တွင် ကြိုတင် ခန့်မှန်းထားသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်မှု ၊ အရေးပေါ် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ တစ်ခုခြင်းစီအတွက် အလွန် အသုံးတည့်သော ၊ ကုန်ကျစရိတ်နှင့် ထပ်တူ ထိရောက်အကျိုးရှိသည့် ဘေးအန္တရာယ်လျှော့ချရေး နည်း လမ်း များကို အဆိုပြုထားပါသည်။ ES အကောင်အထည်ဖော်သူများသည် စီမံကိန်းလုပ်ငန်းခွဲ လုပ်ဆောင်နေစဉ်အတောအတွင်း ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန် အဆိုပါ ဘေးအန္တရာယ် လျှော့ချရေး နည်းလမ်းများကို စီမံကိန်းတည်နေရာတွင် အကောင်အထည်ဖော် အသုံးပြု သွားမည်ဖြစ်သည်။

ဇယား(၁) စီမံကိန်းလုပ်ငန်းခွဲ စတင်လုပ်ဆောင်သည့် အဆင့်တွင် လိုအပ်မည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်နိုင်ခြေလျှော့ချရေး နည်းလမ်းများအား အကျဉ်းချုပ် တင်ပြခြင်း။

ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအရထိခိုက်နိုင်ခြေများ အဆိုပြုဘေးအန္တရာယ်လျှော့ချရေးနည်းလမ်းများ
လေထုအရည်အသွေး/ ကမ္ဘာကြီး ပူနွေးလာမှု ဆိုင်ရာ သက်ရောက်မှုများ ကျွဲနွားတိရစ္ဆာန်သားဖောက်ခြင်းနှင့် မွေးမြူရေးခြံများ
  • နွားမွေးမြူရေးခြံအတွင်းဖုန်များစုပုံနေခြင်း ရှိပါက ရှင်းလင်းပစ်ရန် ၊
  • နွားမွေးမြူရေးခြံအတွင်း လေဝင်လေထွက်ကောင်းစေသည့် အနံ့စုတ်ပန်ကာများ နေရာတကျတပ်ဆင်ရန် (သို့လေ၀င်လေထွက်ကောင်းမွန်စေသည့်စနစ် တည်ဆောက်ရန် ၊
  • အစာပြန် အချဉ်ဖောက်ခြင်းကြောင့် CH4 ထုတ်လွှင့်မှုကို လျှော့ချရန် အဆင့်မြင့်အရည်အသွေးရှိ အစားအစာ များ ကျွေးခြင်း သို့မဟုတ် စားမြုံ့ပြန်တိရစ္ဆာန်များအတွက် အစား အစာများတွင် lipids ကဲ့သို့သောဖြည့်စွက်စာများ ထည့်သွင်း ခြင်းဖြင့် အစားကျွေးသည့် အလေ့အကျင့်ကို ပြောင်းလဲရန် ၊
  •  တိရစ္ဆာန်စွန့်ပစ် ပစ္စည်းမြေဩဇာ ကို စီမံခန့်ခွဲ၍ CH4 နှင့် N2O  ထုတ်လွှတ်မှုကို လျှော့ချရန်
  • တိရစ္ဆာန်စွန့်ပစ် ပစ္စည်းမြေဩဇာ သိမ်းဆည်းသည့် အဆောက် အအုံများကို ဖုံးအုပ်ထားရန်၊
  • တိရစ္ဆာန်စွန့်ပစ် ပစ္စည်းအရည်အဖြစ်ပြုလုပ်သည့် စနစ်အစား အစိုင်အခဲကို အသုံးပြုရန်၊
  • မြေဆွေးမြေဩဇာကို ကောက်ပဲသီးနှံလိုအပ်ချက်နှင့် ကိုက်ညီစွာ အသုံးပြုရန်၊
  • ရေဓါတ်ပြည့်ဝသည့် မြေဇီလွှာတွင် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းမြေဆွေး သို့မဟုတ် ဓါတ်မြေဩဇာကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ရန်၊

မေထုန်မဲ့သားစပ် (AI) ဓါတ်ခွဲခန်း 

  • မေထုန်မဲ့သားစပ် (AI) ဓါတ်ခွဲခန်း များတွင် ကောင်းမွန်လုံ လောက်သည့် လေဝင်လေထွက် လေသန့်စင်သည့် စနစ် တပ်ဆင်ထားရန်၊

နိုက်ထြိုဂျင်အရည် ထုတ်လုပ်ခြင်း

  • နိုက်ထြိုဂျင်အရည် (LN2) ထုတ်လုပ်သည့်အဆောက်အအုံများတွင် လုံလောက်သည့် လေဝင်လေထွက် လေသန့်စင်သည့်စနစ် တပ်ဆင်ထားရန်
  • အကယ်၍ အရေးပေါ် မီးစက် တပ်ဆင်ထားပါက ကောင်းမွန်စွာ လည်ပတ်အသုံးပြုနိုင်ရန် အသင့်ရှိစေရန်၊
ရေအရင်းအမြစ်များ ညစ်ညမ်းမှု ကျွဲနွားတိရစ္ဆာန် သားဖောက်ခြင်းနှင့် မွေးမြူရေးခြံ
  • အညစ်အကြေးများ သို့မဟုတ် ဓါတ်ကြွင်းပျော်ဝင်ခြင်းများမှ ကာကွယ်နိုင်ရန်အတွက် ကျွဲနွားတိရစ္ဆာန် မွေးမြူရေးခြံ အဆောက်အအုံများကို ရေတွင်းရေကန် သို့မဟုတ် အိမ်သုံး ရေအရင်းအမြစ်များမှ သင့်တော်သည့် အကွာအဝေးတွင် တည်ဆောက်ရန် (အနည်းဆုံး ၃၀ မီတာအကွာ)
  • မိုးရေသန့် ရရှိနိုင်ရန် အဆောက်အအုံပတ်လည်တွင် ရေတံ လျှောက် များ တပ်ဆင်ထားရန်  (ဥပမာ - တိရစ္ဆာန် မွေးမြူရေးခြံများ၊ AI အဆောက်အဦးနှင့်  သင်တန်းခန်းမများ
  •  (ဥပမာ - မစင်မြေဆွေးသိုလှောင်ရုံများ၊ သစ်ရွက်ဆွေးပုံများ၊ သိုလှောင်ရုံများ၊ တိရစ္ဆာန်များထားရှိရာ နေရာများ) စသည်တို့မှ စီးဝင်လာသော ရေများဝင်ရောက်ခြင်းကြောင့် ရေတွင် ဓာတုဓါတ်ကြွင်းများ ဝင်ရောက်ခြင်း၊ နှင့် ရေရင်းမြစ်များ ညစ်ညမ်းမှုဖြစ်စေနိုင်ခြင်းမှ ကာကွယ်ရန် 
  • မွေးမြူရေးခြံ၏ ကုန်းမြင့်နေရာများတွင် အပင်စိုက် သည့်ကြားခံနေရာများ (အနည်းဆုံး ၃၀ မီတာ) ထားရှိခြင်းဖြင့် မြေနိမ့်နေရာများသို့ မိုးရေများ စီးဝင်လာခြင်းကို ကာကွယ်ရန်၊

 

မေထုန်မဲ့သားစပ် (AI) ဓါတ်ခွဲခန်း   

  • မေထုန်မဲ့သားစပ် (AI) ဓါတ်ခွဲခန်း  မှ ရေဆိုးများ (ထွက်ရှိမည်ဆိုပါက) အတွက် သင့်တော်သည့် ရေဆိုးစွန့်ပစ်မှု ထားရှိခြင်း ၊

 

စွန့်ပစ်အညစ်အကြေးများ ကျွဲနွားတိရစ္ဆာန် သားဖောက်ခြင်းနှင့် မွေးမြူရေးခြံ
  • တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများ လေလွင့်ခြင်းမရှိစေဘဲ စုဆောင်း၍ မြေဩဇာအဖြစ်အသုံးပြုရန်၊
  • ခြံဝင်းအတွင်း ပုံမှန် သန့်ရှင်းရေးပြုလုပ်၍ စွန့်ပစ်အညစ်အကြေး အရည်ပျစ် သို့မဟုတ် အရည်ပုံစံများကို သေချာစွာ သန့်စင်၍  ထိန်းသိမ်းသိုလှောင်ရန် ၊
  • တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများကို တင်းကုတ်များမှ သိုလှောင်ရုံ များသို့ ပြောင်းရွှေ့ထားသို ချိန်တွင် အရည်စီးထွက်ခြင်းများကို မဖြစ်စေရန် သေချာစွာ ပြုလုပ်ထားရန်၊
  • သိုလှောင်ရုံအရွယ်အစားကို သေချာစွာ တွက်ချက်ကာ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများကို  မြေဩဇာအဖြစ် သုံးစွဲနိုင်သည် ပမာဏအထိ သိုလှောင်ထားနိုင်ရန်
  • မွေးမြူရေးခြံအတွင်းမှာ တိရစ္ဆာန်စွန့်ပစ် အညစ်အကြေး ပစ္စည်းများ (အရည်)ကို  စီးထွက်ခြင်းများကို တားဆီးသို လှောင်နိုင်ရန်ဒုတိယအဆင့် အရည်သိုလှောင်သည့်စနစ် ထည့်သွင်းရန်၊

တိရစ္ဆာန်စွန့်ပစ် ပစ္စည်း (မစင်အစိုင်အခဲ) သိုလှောင်ခြင်း

  • မြေအောက်ရေများ ဓါတုဓါတ်ကြွင်းရောနှောခြင်းမရှိစေရန် တိရစ္ဆာန်စွန့်ပစ် ပစ္စည်း(အစိုင်အခဲ) သိုလှောင်သည့်နေရာကို ကောင်းမွန်သိပ်သည်းသည့်မြေ သို့မဟုတ် ရွှံ့စေးဆန်သောမြေပေါ်တွင် ထားရှိရန်၊  (မြေပွသော သို့မဟုတ် ကျောက်စရစ်ဆန်သော မြေများပေါ်တွင် ထားရှိခြင်းမှ ရှောင်ကျဉ်ရန်)
  • တိရစ္ဆာန်စွန့်ပစ် ပစ္စည်း(အစိုင်အခဲ) သိုလှောင်သည့်နေရာကို  တာပေါ်လင်စ သို့မဟုတ် ပလက်စတစ်စဖြင့် ဖုန်းအုပ်ထားရန်၊

တိရစ္ဆာန်စွန့်ပစ် ပစ္စည်း (အရည်ပျစ်) သိုလှောင်ခြင်း

  • မြေအောက်ရေ သို့မဟုတ် မိုးရေ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ကွန်ကရစ်ကြမ်းခင်း တည်ဆောက်ထားရန်၊
  • မိုးရေဝင်ရောက်မှု မရှိစေရန် အမိုးမိုးထားရန်၊
  • အမိုးမိုးခြင်း သို့မဟုတ် အလုံပိတ်ထားခြင်းပြုပါက အန္တရာယ်ရှိသော ဓါတ်ငွေ့များ ထွက်ရှိခြင်းမှ ကာကွယ်ရန်နှင့် အညစ်အကြေးများ ခြောက်သွေ့စေရန် လေဝင်လေထွက်စနစ် ထားရှိရန်၊

မေထုန်မဲ့သားစပ် (AI) ဓါတ်ခွဲခန်း 

  • ဓါတ်ခွဲခန်းထွက် စွန့်ပစ်ပစ္စည်းများကို ကောင်းစွာ ထုတ်ပိုး ၊ စွန့်ပစ်ရန် ( လက်အိတ်များ၊ ဓါတုပစ္စည်း ပုံးခွံများ စသည်)
ပြင်းထန်သည့် အနံ့ဆိုးများ ကျွဲနွားတိရစ္ဆာန် သားဖောက်ခြင်းနှင့် မွေးမြူရေးခြံ
  • အနံ့ဆိုးများနှင့် ဖုန်မှုန့်များ ပျံ့နှံ့ခြင်းကြောင့် အနှောက်အယှက်မဖြစ်စေရန်အတွက် ပတ်ဝန်းကျင် လူနေအိမ် ခြေများနှင့် လုံလောက်သည့် အကာအဝေး ထားရှိရန်၊
  • မွေးမြူရေးခြံ ဧရိယာပတ်လည်တွင် ကြားခံသစ်ပင်များ စိုက်ပျိုး ထား ရှိ၍ လေကာအဖြစ် အသုံးပြုရန်၊
စွမ်းအင်အသုံးပြုမှု ကျွဲနွားတိရစ္ဆာန် သားဖောက်ခြင်းနှင့် မွေးမြူရေးခြံ
  • သဘာဝ အလင်းရောင်ကို ကောင်းစွာ အသုံးပြုနိုင်ရန် ပုံစံရေးဆွဲ ဆောက်လုပ်ခြင်း၊
  • စီးပွားရေးအရ တွက်ခြေကိုက်သည့် လေ၊ ဆိုလာ ၊ ဇီဝလောင်စာ ကဲ့သို့သော ပြန်ပြည့်မြဲ စွမ်းအင်ရင်းမြစ်များ ကို အသုံးပြုရန် ထည့်သွင်းစဉ်းစားခြင်း၊
မီးလောင်/ပေါက်ကွဲမှု အန္တရာယ်
  • မီးလောင်မှုအတွက် အရေးပေါ်အစီအမံများ ပြင်ဆင်ထားရှိခြင်း၊
  • မီးငြိမ်းသတ်ခြင်း လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း၊

နိုက်ထြိုဂျင်အရည် ထုတ်လုပ်ခြင်း

  • နိုက်ထြိုဂျင်အရည် ထုတ်လုပ်သည့်စက်ရုံ များတွင် မီးလောင် ပေါက်ကွဲမှုမှ ကာကွယ်ရန် ထိန်းသိမ်းပြုပြင်မှုများ ပုံမှန်  ပြုလုပ်ခြင်း၊
  • နိုက်ထြိုဂျင်ထုတ်လုပ်သည့် စက်ရုံများတွင် အရည်အချင်း ပြည့်ဝသည့် လုပ်သားများဖြင့် လည်ပတ်လုပ်ဆောင်ခြင်း၊
  • စက်ရုံများတွင် လုပ်ငန်းလမ်းညွှန်များ ထားရှိခြင်း၊
  • လုံလောက်သင့်လျော်သည့် မီးငြိမ်းသတ်သည့် စနစ် ထည့်သွင်း အသုံးပြုရန် (ဥပမာ - မီးသတ်ဆေးဗူးများ၊ မီးဘေးအချက် ပေးခေါင်းလောင်းများ ၊ အရေးပေါ် ထွက်ပေါက်များ စသဖြင့်)

မေထုန်မဲ့သားစပ် (AI) ဓါတ်ခွဲခန်း 

  • လုံလောက်သင့်လျော်သည့် မီးငြိမ်းသတ်သည့် စနစ် ထည့်သွင်းအသုံးပြုရန် (ဥပမာ - မီးသတ်ဆေးဗူးများ၊ မီးဘေး အချက်ပေးခေါင်းလောင်းများ ၊ အရေးပေါ် ထွက်ပေါက်များ စသဖြင့်)
 နိုက်ထြိုဂျင်အရည် (LN2)  ကိုင်တွယ်ရသည့်အတွက် သက်ရောက်မှုများ ကျွဲနွားတိရစ္ဆာန် သားဖောက်ခြင်းနှင့် မွေးမြူရေးခြံ
  • မျိုးရည်စုဆောင်းသည့်အခါ လုပ်သားများအတွက် လိုအပ်သည့် PPE  များ ထောက်ပံ့ပေးခြင်း၊

မေထုန်မဲ့သားစပ် (AI) ဓါတ်ခွဲခန်း 

  • ဓါတ်ခွဲခန်း ဝန်ထမ်းများအတွက် လိုအပ်သည့် PPE  များအသုံးပြုခြင်း (ဥပမာ - မျက်နှာဖုံးစွပ်၊ လက်အိတ်များ စသည်)

နိုက်ထြိုဂျင်အရည် ထုတ်လုပ်ခြင်း

  • နိုက်ထြိုဂျင်အရည်ဖြင့် အရေပြား တိုက်ရိုက်ထိတွေ့မှုကို ရှောင် ကျဉ်ခြင်း၊
  • နိုက်ထြိုဂျင်အရည်ကို ကိုင်တွယ်အသုံးပြုရသည့်အခန်းသည် လေဝင်လေထွက် ကောင်းမွန်လုံလောက်စေခြင်း၊
  • အများသုံးခရီးသည်တင်ယာဉ်ကိုအသုံးပြု၍ နိုက်ထြိုဂျင် အရည်ပုံးများကို သယ်ယူပို့ဆောင်ခြင်းမှ ရှောင်ကျဉ်ခြင်း၊
  • သယ်ယူပို့ဆောင်နေစဉ် အရည်ပုံးများကို လုံခြုံစွာ ထုတ်ပိုး ပိတ်ထားခြင်း၊
  • နိုက်ထြိုဂျင်အရည်ပုံးများကို ပြင်ပတွင် ခဲနေခြင်း နှင့် အရည်များ အလွန်လျော့သွားခြင်း စသည်တို့ ရှိမရှိ ပုံမှန်စစ်ဆေးခြင်း၊
  • အရေပြားလောင်ခြင်း ဖြစ်ပေါ်ပါက အဆိုပါနေရာတစ်ဝိုက်ကို ရေအေးဖြင့် စိမ်၍ ရေအေးအဝတ်စ ကပ်ထားခြင်း၊
  • မျက်စိ နှင့် ထိတွေ့မိခြင်း သို့မဟုတ် အရေပြားရေကြည်ဖု စသည် ဖြစ်ပေါ်ပါက ချက်ခြင်း ဆေးကုသမှု ခံယူပါ။
  • အောက်ဆီဂျင်ပြတ်တောက်ခြင်း မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်း ဖြစ်ပေါ်ပါက လူနာကို လေဝင်လေထွက် ကောင်း သည့် နေရာသို့ ရွှေ့ထားပေးပါ။
  • အသက်ရှုရပ်တန့်သွားပါက အရေးပေါ် အသက်ရှု အသက်ကယ် နည်းဖြင့် ကုသ၍ လူနာတင်ကား ချက်ခြင်းခေါ်ယူပါရန်၊
သေဆုံးမွေးမြူရေး တိရစ္ဆာန်များ  စွန့်ပစ်ခြင်း
 
  • တိရစ္ဆာန်များ သေဆုံးပါက ရောဂါပိုးများ သယ်ဆောင်ထားခြင်း ၊ အခြား ကြွက်၊ ယင်ကဲ့သို့သော ပိုးမွှားများဝင်ရောက်လာနိုင်ခြင်း၊ အနံ့ဆိုးများထွက်ပေါ်ခြင်း ရှိနိုင်သောကြောင့် အသေကောင်ကို အဆောက်အအုံ နှင့် ခြံတွင်းမှ ချက်ခြင်း ဖယ်ရှားရန်၊ 
  • အသေကောင်ကို စွန့်ပစ်ရာတွင် မြေလွှာထိခိုက်မှု နှင့် မြေအောက်ရေ ထိခိုက်မှု မရှိစေရန် ဂရုမူခြင်း၊
  • သေဆုံးရသည့် အကြောင်းရင်းအပေါ် မူတည်၍ သင့်တော်သည့် စွန့်ပစ်နည်းကို ရွေးချယ်အသုံးပြုခြင်း ( စည်ပင်စွန့်ပစ်နေရာ၊ မီးရှို့ခြင်း ၊ ခြံအတွင်း မြေမြုပ်ခြင်း)
ဇီဝမျိုးကွဲ မျိုးစိတ်များအပေါ် သက်ရောက်မှုများ
  • ထိရှလွယ်သော ငါးနှင့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများအား ရှောင်ကျဉ်ခြင်း၊
  • မွေးမြူရေးခြံ လုပ်ငန်းများ နှင့် ထိရှလွယ်သော ဧရိယာများအကြား ကြားခံနယ်မြေတစ်ခု ဖန်တီးထားခြင်း၊ 

စောင့်ကြည့် အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်း ဆိုင်ရာ လုပ်ဆောင်မှုများ

စောင့်ကြည့်အကဲဖြတ်ခြင်း စီမံချက်၌ စီမံကိန်းလုပ်ငန်းခွဲ (အကြောင်းအရာ/စိုးရိမ်ပူပန်မှု ၈ ခု ခွဲခြားဖော်ပြထား) နှင့် ဆက်စပ်သည့် ဘေးအန္တရာယ် ထိခိုက်နိုင်ခြေ လျှော့ချခြင်း နည်းလမ်းများ နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ အခြေအနေဆိုင်ရာ လုပ်ဆောင် နေမှုများအား ES အကောင်အထည်ဖော်နေသူများ (ကန်ထရိုက်တာများ၊ ဓါတ်ခွဲခန်း ဌာနမှူးများ၊ ဝန်ဆောင်မှု ပံ့ပိုးသူများ) နှင့် SPIU တို့၏ အကူအညီဖြင့် ညွှန်းကိန်းများ၊ ကြိမ်ရေ နှင့် စောင့်ကြည့် နေသည့် နေရာများကို ပြင်ဆင်ထားခြင်း ဖြစ်သည်။ စီမံကိန်းလုပ်ငန်းခွဲစီမံခန့်ခွဲသည့်အဖွဲ့ (SPIU) (LBVD) သည်  ESMP  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို စောင့်ကြည့် အကဲဖြတ်သည်သာမက စီမံကိန်းစီမံခန့်ခွဲသည့်အဖွဲ့ (PMU)  အကြံပေးပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် လေးလပတ် အစီရင်ခံစာကို ပြုစုရေးသားပါလိမ့်မည်။ အရေးပေါ်အခြေအနေများပေါ်ပေါက်လာပါက အရေးကြီး/အချိန်နှင့် တစ်ပြေး ညီ အစီရင်ခံတင်ပြမှု ပြုလုပ်မည်ဖြစ်ပြီး အဆိုပါအခြေအနေတွင် LBVD  သည် PMU သို့ တိုက်ရိုက် ပေးပို့တင်ပြသွားမည်ဖြစ်သည်။

သက်ဆိုင်သူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ထုတ်ပြန်ခြင်းနှင့် ဆွေးနွေး အကြံ ညဏ် ရယူခြင်း

ဤ စီမံကိန်းလုပ်ငန်းခွဲသည် သက်ဆိုင်သူများနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းတို့မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အနီးအနားရှိ ဒေသခံအိမ်ထောင်စုများ၊  မီးသတ်ဦးစီးဌာန နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစရှိသည့် တို့ဖြစ်ပြီး ESMP ၏ အကြံညဏ်ရယူခြင်း ဆွေးနွေးပွဲများ ကျင်းပခြင်း နှင့် စီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ပုံမှန် အစည်းအဝေးများ ပြုလုပ် သွားပါမည်။ ESMP ဆိုင်ရာ အရေးပါသည့် အကြောင်းအရာများကို အသိပေးရန်နှင့် သက်ဆိုင်သူများ၏ အကြံပေးချက်များ ဖော်ထုတ်နိုင်စေရန် ရည်ရွယ်၍ဤ “ESMP အနှစ်ချုပ် အစီရင်ခံစာ”ကို မြန်မာ ဘာသာ နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်ပြန်သွားပါမည်။

အကြံပြု တိုင်ကြားချက်များ ဖြေရှင်းသည့်စနစ်

ဆောက်လုပ်ရေး လုပ်ဆောင်နေသည့်အဆင့်တွင် မကျေနပ်ချက်များရှိပါက ကန်ထရိုက်တာ သို့မဟုတ် ဝန်ဆောင်မှု ပံ့ပိုးသူများ မှတစ်ဆင့်ပေးပို့တိုင်ကြားနိုင်သည်။ တိုင်ကြားချက်များ ပေးပို့နိုင်ရန် ဆက်သွယ်ရမည့် သတင်းအချက်အလက်များကို ရှင်းလင်းစွာရေးသား၍ စီမံကိန်း လုပ်ဆောင်မည့် ဧရိယာအတွင်း ကြေညာချက်များ စိုက်ထူထားမည်ဖြစ်ပြီး မေးမြန်းလိုသည်များ ရှိပါက ဆက်သွယ် နိုင်ရန် ဖိတ်ခေါ်ထားမည်ဖြစ်သည်။ တိုင်ကြားစာများကို စီမံကိန်းလုပ်ငန်းခွဲ၏ SPIU  သို့ အလျဉ်းသင့် သည့် နည်းလမ်းကို အသုံးပြု၍ ပေးပို့နိုင်သည်။ ပေးပို့သူ/တိုင်ကြားသူသည် PMU သို့မဟုတ် စီမံကိန်း GRM သို့ တိုက်ရိုက်တိုင်ကြားနိုင်မည်ဖြစ်ပြီး အဆိုပါ ဆက်သွယ်ရမည့် လိပ်စာအချက်အလက်များကို မြင်းမူမြို့နယ် LBVD  ရုံးတွင် ရယူနိုင်ပါသည်။

ESMP အကောင်အထည်ဖော်ခြင်းအတွက် စွမ်းရည်မြှင့်တင်ခြင်း

NFASP စီမံကိန်းများ၏ ပထမ နှစ်နှစ်တာ ကာလအတွင်း PMU ၏ အကြံပြုအဖွဲ့က သင်တန်းပေါင်း (၃) ကြိမ်တိတိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းများသို့ တက်ရောက်ထားသည့် SPIU သည် ကန်ထရိုက်တာများနှင့် အခြားသော ES လုပ်ငန်းအကောင်အထည်ဖော်သူများအား သင်တန်းများ ပြန်လည် ပို့ချသွားမည် ဖြစ်သည်။

ထိုမျှသာမက နိုက်ထြိုဂျင် အရည် (LN2)ထုတ်လုပ်သည့် စက်ရုံတည်ဆောက်တပ်ဆင်သည့် ပထမနှစ် (၅) နှစ်တာကာလတွင် စက်ရုံလည်ပတ်ရေးအတွက် စက်ရုံတာဝန်ရှိသူများအား နိုက်ထြိုဂျင်အရည် ထုတ်လုပ်သည့် စက်ရုံတပ်ဆင်သည့် ပေးသွင်းသူ (supplier) များက လိုအပ်သည့် သင်တန်းများကို မြန်မာဘာသာစကားဖြင့် သင်ကြားပို့ချမှုကို နှစ်စဉ်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ယင်းအချက်ကို (LN2) စက်ရုံပေးသွင်းသူများ၏ တင်ဒါစာရွက်စာတမ်းများတွင် ထည့်သွင်းမည်ဖြစ်သည်။ ထိုနည်းတူစွာပင် AI  စင်တာ ဓါတ်ခွဲခန်းသုံး ပစ္စည်းကရိယာ/ စက်ပစ္စည်းပေးသွင်းသူများကလည်း လုံလောက်သည့် သင်တန်းများကို ဓါတ်ခွဲခန်းဝန်ထမ်းများအား မြန်မာဘာသာစကားဖြင့် ဓါတ်ခွဲခန်းတပ်ဆင်ပြီး စတင်လည်ပတ်သည့် ပထမ (၃) နှစ်တာကာလအတွင်း နှစ်စဉ် ပို့ချပေးမည်။

ESMP ၏ ဖွဲ့စည်းတည်ဆောက်ပုံ

ဤအနှစ်ချုပ် အစီရင်ခံစာကို အောက်ပါအတိုင်း ပြုစုထားပါသည်။ အခန်း(၁) တွင် ESMP နှင့် စီမံကိန်းလုပ်ငန်းခွဲများ၏ နောက်ခံအကြောင်းအရာများ အနှစ်ချုပ်၊ အခန်း(၂) တွင် ဖြစ်ပေါ်လာနိုင် ဖွယ်ရှိသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ နှင့် အဆိုပါ ထိခိုက်နိုင်ခြေ ဘေးအန္တရာယ်များအား လျှော့ချနိုင်မည့် နည်းလမ်းများ၊ အခန်း(၃) တွင် သဘာဝ ပတ်ဝန်း ကျင်နှင့် လူမှုရေး စီမံခန့်ခွဲမှု စီမံချက် ၊ အခန်း(၄) တွင် အဖွဲ့အစည်းဆိုင်ရာ စီစဉ်ထားရှိမှုများ ၊ အခန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ အကောင်အထည်ဖော်ရာ၌ ဘဏ္ဍာရေးနှင့် အစီအစဉ်ဆိုင်ရာ အချက်အလက်များ၊ အပါအဝင် ESMP အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းစဉ်၊ အခန်း(၅) တွင် ဤစီမံကိန်းအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အကျဉ်းချုပ်တင်ပြချက်များ တို့ကို ဖော်ပြထားပါသည်။ ထို့အပြင် ESMP တွင် နောက်ဆက်တွဲ အခန်းများစွာ ထည့်သွင်းထားပြီး စောင့်ကြည့်အကဲဖြတ်သည့် အချက်အလက်စာရင်းနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကာအကွယ် အစီအမံ နည်းလမ်းများ (ECoPs) စသဖြင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ကို အထောက် အပံ့ပြုမည့် အချက်အလက်များအား တင်ပြထားပါသည်။