Image: 

တိရစ္ဆာန်ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

မေလ 3, 2019

တိရစ္ဆာန်ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

          ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလတွင် တိရစ္ဆာန်များ၌ ကူးစက်ရောဂါများကျရောက်ဖြစ်ပွားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေနိုင်သဖြင့် ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(၁)   တိရစ္ဆာန် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

(၂)    မွေးမြူရေးခြံများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(၃)   တိရစ္ဆာန်ရောဂါကာကွယ်ဆေးများကို ပုံမှန်ထိုးနှံကြရန်၊

(၄)   ရောဂါဖြစ်သည်ဟု သံသယဖြစ်သောတိရစ္ဆာန်များအားသီးခြားခွဲထားရန်၊

(၅)   ရောဂါဖြစ်တိရစ္ဆာန်ကို အခြားတိရစ္ဆာန်များနှင့်ဝေးရာတွင် သီးခြားချည်နှောင်ထား၍လွှတ်ကျောင်းခြင်း၊ အခြားနေရာသို့ မောင်းနှင်ရွှေ့ပြောင်းခြင်းမပြုရန်၊

(၆)   တိရစ္ဆာန်ကူးစက်ရောဂါဟု သံသယဖြစ်ဖွယ်ရှိပါက နီးစပ်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ ဆေးကုသမှုအမြန်ဆောင်ရွက်ရန်၊

(၇)   တိရစ္ဆာန်များပုံမှန်မဟုတ်ပဲ ရုတ်တရက်သေဆုံးမှုရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသတင်းပို့ရန်၊

(၈)   အသေကောင်များအား စားသောက်ခြင်းမပြုရန်၊ စနစ်တကျမြေမြှုပ်ဖျက်ဆီးရန်၊

(၉)   တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အကြောင်းကြားဆက်သွယ်ရန်၊

(၁၀) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊

                                                         

                                                          မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

                                                စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန