Image: 

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

မတ်လ 10, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

 

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

 

၁။       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်အောက်ရှိ အောက်ဖော်ပြပါ မွေးမြူရေးခြံ(၂)ခြံနှင့် မြေနေရာ(၁)ခုတို့အား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် စိတ်ပါဝင်စားသူ ​ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကုမ္ပဏီများသို့ နှစ်ရှည်ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်-

(က)    ပျဉ်းမပင်ဝက်မွေးမြူရေးခြံ(ပင်မ)                         (၈)ဧက၊                  

( ခ)    ပျဉ်းမပင်ဝက်မွေးမြူရေးခြံ(တိုးချဲ့)                       (၈)ဧက        

( ဂ)    လှော်ကားမြေလွတ်(သွပ်ပြားစက်ရုံအဟောင်း)      (၆)ဧက        

၂။       တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစ်စုံလျှင်(၁ဝဝဝဝိ/-) (ကျပ်တစ်သောင်း တိတိ)ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း ဝယ်ယူရရှိနိုင်ပါသည်။

၃။       တင်ဒါအဆိုပြုလွှာတင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား ( ၃၀- ၃-၂၀၂၀) ရက်နေ့(၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲသို့ ပေးပို့တင်ပြရမည်။

၄။       အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန