Image: 

ကျေးလက်ဒေသ (သို့မဟုတ်) တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရာတွင် လိုက်နာရမည့်ညွှန်ကြားချက်

ဖေဖေါ်ဝါရီလ 21, 2020

ကျေးလက်ဒေသ (သို့မဟုတ်) တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရာတွင် လိုက်နာရမည့်ညွှန်ကြားချက် 

(က) ခြံလှောင် မွေးမြူရမည်။

(ခ) ခြံသည် လေကောင်းလေသန့်ရရှိရမည်၊ သန့်ရှင်းရမည်။

(ဂ) ပြန်လည်ကျိုချက်ထားခြင်းမရှိသော စားကြွင်းစားကျန်များ (သို့မဟုတ်) မီးဖိုချောင်ထွက်အသားအပိုင်းအစများကို ဝက်များအား ကျွေးမွေးခြင်းမရှိရ (စားကြွင်းစားကျန် ကျွေးလိုပါက ၁၅၀ ဒီဂရီဖာရင်ဟိုက်တွင် နာရီဝက်ကြာ ကျိုချက်ကျွေးရမည်)။

(ဃ) ရောဂါကင်းရှင်းသောဒေသမှဝက်များကို မွေးမြူရမည်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရမှသာ မွေးမြူရမည်။

(င) တောဝက်များနှင့်အိမ်မွေးဝက်များ ရောနှောထိတွေ့မှုမရှိစေရန် ခြံခတ်မွေးမြူရမည်။

(စ) ဝက်များ ပုံမှန်မဟုတ်ဘဲ နေထိုင်မကောင်းဖြစ်ပါက နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့ အကြောင်းကြား၍ ဌာနဝန်ထမ်းများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်။

(ဆ) ရောဂါဖြင့် သေဆုံးသောဝက်များကိုစနစ်တကျ မြှပ်နှံရမည်။

 

Download click here