• Burmese
  • English
Image: 

၂၀၃၀ ပြည့်နှစ်၌ ပြည်တွင်းအစားအစာ လိုအပ်ချက် ၃၀ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ရန် စင်ကာပူမျှော်မှန်း

ဧပြီလ 5, 2019

စင်ကာပူနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်ရောက်ချိန်တွင် နိုင်ငံ၏ စားသောက်ကုန် လိုအပ်ချက်အနက် သုံးပုံတစ်ပုံ နီးပါးကို ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားပြီး စီမံချက်၌ ဖန်လုံအိမ်များအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းနှင့် ပင်လယ်ပြင်အတွင်း ထိန်းချုပ်ဧရိယာများဖြင့် ငါးမွေးမြူခြင်းတို့ ပါဝင်လာမည်ဖြစ်သည်။ သဘာ၀ ပတ်ဝန်းကျင်နှင့် ရေအရင်း အမြစ်ဝန်ကြီးဌာနသည် ၂၀၃၀ ပြည့်နှစ် အရောက်တွင် နိုင်ငံအစားအစာ လိုအပ်ချက် ၃၀ ရာခိုင်နှုန်း ထုတ်လုပ်ရန် ရည်ရွယ်သော 30 by 30 စီမံချက်ကို ကြေညာခဲ့ပြီး ဝန်ကြီး Masagos Zulkifli က ၎င်းစီမံချက်အရ သီးနှံထုတ်လုပ်မှုမြှင့်တင်ရေး ဖြေရှင်းနည်းလမ်းသစ်များ လိုအပ်လာကြောင်း ပြောသည်။