• Burmese
  • English
Image: 

အရည်အသွေးမီ အော်ဂဲနစ်စိုက်ခင်းများကို တောင်သူများအား လက်တွေ့သရုပ်ပြကာ နည်းပညာမျှဝေပေး

ဧပြီလ 5, 2019

အရည်အသွေးမီ အော်ဂဲနစ် သီးနှံများ စိုက်ပျိုး ဖြစ်ထွန်းမှုကို တောင်သူများအား လက်တွေ့သရုပ်ပြကာ နည်းပညာမျှဝေပေးခြင်းကို မတ်လ ၁၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုရိတ် သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း၊ စိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ထိုသို့ဆောင်ရွက်ရခြင်းမှာ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့ ရောင်းချသွားနိုင်ရေးနှင့် အရည်အသွေးမီ ဓာတုလွတ် အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာများ ထွန်းကားလာစေရန်ဖြစ်ကြောင်း Snacks Mandalay ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးပြည့်ဖြိုးအေးက ပြောသည်။