REGISTRATION FORM

သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ

ညွှန်ကြားရေးမှူး (သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲ)၏ တာဝန်နှင့်ဝတ္တရားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)    နိုင်ငံတော်၏အသားကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် တိရစ္ဆာန် မျိုးကောင်း မျိုးသန့်များထုတ်လုပ်မွေးမြူနိုင်ရန် သုတေသနလုပ်ငန်းများတာဝန်ယူဆောင်ရွက်ခြင်း။

(ခ)   အသားကဏ္ဍဘက်စုံတိုးတက်ရေးအတွက် ပြုလုပ်ရမည့် သုတေသနလုပ်ငန်းမူဝါဒ များကို ရေးဆွဲခြင်း။

(ဂ)  မျိုးရိုးဗီဇဗေဒနှင့် မျိုးပွားမှုဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း။

(ဃ)    မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ ရာသီဥတုနှင့်ကိုက်ညီသော မွေးမြူရေးအတတ်ပညာ များ လေ့လာသုတေသနပြုလုပ်ခြင်း။

(င)   သုတေသန စံပြမွေးမြူရေးခြံများတည်ထောင်၍ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များ မွေးမြူခြင်း။

(စ)  အဟာရဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် အဟာရဗေဒဆိုင်ရာ ဓာတ်ခွဲခန်း ဆောင်ရွက်ခြင်း။

(ဆ)    ပျားမွေးမြူရေး၊ ပျားထွက်ပစ္စည်း၊ ပျားစာပင်၊ ပျားရောဂါ စသည့် သုတေသနလုပ်ငန်း များကို တာဝန်ယူဆောင်ရွက်ခြင်း။

(ဇ)  ပျားဖြင့်ဝတ်မှုန်ကူးခြင်းကြောင့် သီးနှံအထွက်တိုးခြင်းကို  သုတေသနပြုခြင်း။

(ဈ)   ဥရောပပျားမျိုးသာမက ဒေသခံပျားမျိုးများကို လေ့လာသုတေသနပြုခြင်း။

(ည)  ရောဂါကာကွယ်ရေးအတွက် ထုတ်လုပ်သောကာကွယ်ဆေးများ အစွမ်းပိုမိုထက်မြက် စေရန်နှင့် ရောဂါကာကွယ်ဆေးအသစ်များ ဖော်စပ်ထုတ်လုပ်နိုင်ရေးအတွက် သုတေသန ပြုခြင်း။

(ဋ)   လူကတိရစ္ဆာန်၊ တိရစ္ဆာန်ကလူသို့ကူးစက်စေနိုင်သောရောဂါများကို ရှာဖွေလေ့လာခြင်း နှင့် ကာကွယ်ကုသသည့် ခေတ်မီဆေးဝါးနှင့် ရိုးရာဓလေ့ ဘယဆေးတို့ကို လေ့လာ သုတေသနပြုခြင်းနှင့် ဖော်စပ်ထုတ်လုပ်နိုင်ရေးအတွက် သုတေသနပြုလုပ်ခြင်း။

(ဌ)   ရောဂါရှာဖွေရာ၌ ပိုမိုထိရောက်သောနည်းများ ကျင့်သုံးနိုင်ရန်နှင့် နည်းစနစ်အသစ် များ ကြံဆတီထွင်ရေးအတွက် သုတေသနပြုလုပ်ခြင်း။

(ဍ)   သုတေသနဆိုင်ရာ ကိစ္စရပ်များအား အခြားဌာန၊ နိုင်ငံတကာသုတေသနဌာနနှင့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။

(ဎ)   ဒေသအလိုက် စီးပွားရေးကို ထိခိုက်စေသောရောဂါများကို ရှာဖွေစူးစမ်းခြင်းနှင့် သုတေသန ပြုလုပ်ခြင်း။

(ဏ)   မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူထုတ်လုပ်ရေးကဏ္ဍ တိုးတက်စေရေး အတွက် တိုးတက်ပြောင်းလဲနေသော ဓာတ်ခွဲခန်းဆိုင်ရာ နည်းပညာရပ်များကို သုတေသန ပြုလေ့လာခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်းများ ပြုလုပ်ခြင်း။

(တ)    သုတေသနပြုတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ခြင်း၊ စာတမ်းပြုစုခြင်းနှင့် စာတမ်းဖတ်ကြားခြင်း၊ သင်တန်းများတွင် ဟောပြောပို့ချခြင်း၊ လက်တွေ့ပြသခြင်း များ ဆောင်ရွက်ခြင်း။

သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲလက်အောက်ရှိဌာနစုများ

(က) တိရစ္ဆာန်မျိုးရင်းစစ်သုတေသနဌာနစု

(ခ) တိရစ္ဆာန်အစာနှင့် ဆေးဝါးသုသေသနဌာနစု

(ဂ) တိရစ္ဆာန်ရောဂါသုတေသနဌာနစု