REGISTRATION FORM

စီမံကိန်းများ

Zoonoses in emerging livestock systems (ZELS): Myanmar Pig Partnership (မွေးမြူထုတ်လုပ်ရေးစနစ်များအနက်ဝက်မှတဆင့်လူသို့ ကူးစက်တတ်သော ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်စေသည့်ရောဂါများစူးစမ်းလေ့လာခြင်းနှင့်ထိန်းချုပ်ခြင်းများအတွက်ပေါင်းစပ်စီမံခန့်ခွဲမှုအခြေပြုစီမံကိန်း

ဤ စီမံကိန်းသည် တိရစ္ဆာန်မှတဆင့်ကူးစက်တတ်သောရောဂါများ အန္တရာယ်လျော့ချရန် အတွက်အဓိကထားဆောင်ရွက်မည့် စီမံကိန်းဖြစ်ပါသည်။ ပြောင်းလဲလာသော တိရစ္ဆာန် မွေးမြူထုတ်လုပ်ရေးစနစ်များအနက်ဝက်မှတဆင့်လူသို့ကူးစက်တတ်သော ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်စေသည့်ရောဂါများစူးစမ်းလေ့လာခြင်းနှင့်ထိန်းချုပ်ခြင်းများ ဆောင်ရွက်နိုင်ရန်ဘက်စုံပါဝင်သော စီမံခန့်ခွဲမှု အခြေပြုစီမံကိန်းတခုဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် အာရှနှင့်အာဖရိကနိုင်ငံများတွင်ဆောင်ရွက်လျက်ရှိသောစီမံကိန်းအစီအစဉ် (၁၁) ခုအနက် မှ မြန်မာနိုင်ငံအတွက်တခုဖြစ်ပါသည်။

စီမံကိန်းလုပ်ဆောင်ရခြင်းရည်ရွယ်ချက်မှာပြောင်းလဲလာသော တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးစနစ်များ၊ ဝက်မှတဆင့် လူသို့ကူးစက်တတ်သောပဋိဇီဝယဉ်ပါးမှုဖြစ်စေသည့်ရောဂါများကိုသိပ္ပံနည်းကျအထောက်အထားများဖြင့်စူးစမ်းလေ့လာခြင်းဖြင့် Policy Markerများမှကျန်းမာရေးထိခိုက်စေနိုင်သည့်ဘေးအန္တရာယ်များလျော့ချသွားနိုင်ရေးဆောင်ရွက်ချက်များတွင်အထောက်အကူဖြစ်စေရန် ဖြစ်သည်။

၎င်းစီမံကိန်းနှင့်ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်းများမှာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Oxford University Clinical Research Unit, Vietnam, University of Cambridge, UK၊ University of Sussex, UK နှင့်Myanmar Oxford Clinical Research Unit တို့ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ စီမံကိန်းကာလမှာ ၂၀၁၆ မှ ၂၀၂၀ ခုနှစ် (၅)နှစ်ဖြစ်ပြီး ၎င်းစီမံကိန်းအခြေစိုက်ဌာနတည်ရှိရာမှာရန်ကုန်တိုင်းဒေသဖြစ်သည်။

နို့ချိုတိုက်ကျွေးစီမံကိန်း (School Milk Program)

ကျောင်းသားလူငယ်များ ပညာရေးတိုးတက်မြင့်မားရေးနှင့် အာဟာရပြည့်ဖြိုး ဉာဏ်ရည်တိုးတက်စေရန်အတွက် ကျောင်းများတွင် နို့တိုက်ကျွေးရေးစီမံကိန်းကို Tetra Pak South and South East Asia ကုမ္ပဏီနှင့်အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၊ ကျန်းမာရေးဝန်ကြီးဌာန တို့ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ရှေ့ပြေးစီမံကိန်းကို ၂၀၀၃ ခုနှစ်၊ဇန်နဝါရီလ ၁၄ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ နေပြည်တောင်ကောင်စီနယ်မြေရှိ မူလတန်းကျောင်း/သူ (၁၀၀၀၀) ဦးအား နို့တိုက်ကျှေးခြင်း ၊ ၂၀၀၃-၂၀၀၄ ပညာသင်နှစ်မှစ​၍နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးများရှိ မူလတန်းကျောင်းသား/သူ(၄၅၀၀၀) ဦးအား(၃)နှစ်ဆက်တိုက် နို့တိုက်ကျွေးပြီး တိုးတက်မှုအခြေအနေများအား ဆန်းစစ်ဖော်ထုတ်သွားမည်ဖြစ်ပါသည်။