• Burmese
  • English
Image: 

ပြည်ပဈေးကွက်ရှိသည့် ငါးများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ မွေးမြူနိုင်မှသာ မွေးမြူရေး လုပ်ငန်းများ ဦးမော့နိုင်မည်

ဧပြီလ 5, 2019

ပြည်ပဈေးကွက်ရှိသော ငါးများကို ပြည်တွင်း၌ မွေးမြူရာတွင် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ မွေးမြူနိုင်မှသာ လုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။ ယခင်က ရေထွက်ကုန်များ ပြည်ပနိုင်ငံသို့တင်ပို့ရာတွင် ကန့်သတ်ချက် နည်းခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ နှစ်လယ်ပိုင်းမှ စတင်ကာ ရေလုပ်ငန်းနှင့် သက်ဆိုင်သည့် စံချိန်စံညွှန်းများနှင့်အညီ မွေးမြူသည့် ကုန်များကိုသာ ဝယ်ယူမည်ဖြစ်ကြောင်း ပြည်ပနိုင်ငံများက အသိပေးပြောကြားလာကာ ပြည်တွင်း မွေးမြူရေး
လုပ်ငန်းများလည်း ကျဆင်းခဲ့ရကြောင်း သိရသည်။