• Burmese
  • English
Image: 

တောင်သူအကျိုးပြု တောင်သူလယ်သမား သင်တန်းကျောင်း

ဧပြီလ 5, 2019

ယခုအခါ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များ၏ အကူအညီများကို ရယူ၍ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးရေး ဂေဟစနစ်များ ရေရှည်တည်တံ့စေရေးတို့အတွက် တောင်သူလယ်သမားသင်တန်းကျောင်းများကို ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးခရိုင်တွင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်း မြို့နယ်များတွင် တစ်မြို့နယ်လျှင် ကျေးရွာ ၁၀ ရွာကို တောင်သူလယ်သမား သင်တန်းကျောင်းများဖွင့်လှစ် သင်ကြား ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ တောင်သူလယ်သမား သင်တန်းကျောင်းဆိုသည်မှာ တောင်သူလယ်သမားများကို စုဖွဲ့ထားပြီး စိုက်ခင်းထဲတွင် သီးနှံစတင် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လက်တွေ့ကျကျ စုပေါင်းလေ့လာ သင်ယူကြရသည့် သင်တန်းကျောင်းဖြစ်ပါသည်။