REGISTRATION FORM

လူ့အရင်းအမြစ်ဌာနခွဲ

ညွှန်ကြားရေးမှူး (လူ့အရင်းအမြစ်ဖွံ့ဖြိုးရေး)၏ တာဝန်နှင့် ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    မွေးမြူရေးနည်းပညာနှင့် တိရစ္ဆာန်ဆေးကုသရေးနည်းပညာများကို ဦးစီးဌာနဝန်ထမ်း များ၊ ဆက်စပ်ဌာနများ၊ မွေမြူသူပြည်သူများအတွင်း ပြန့်ပွားသိရှိစေရန် အခြား ဌာနခွဲများနှင့် ညှိနှိုင်းပူးပေါင်းပြီး တိုးချဲ့ပညာပေး သင်တန်းများပို့ချခြင်း။

(ခ)    သင်တန်းဆိုင်ရာမူဝါဒများ ရေးဆွဲချမှတ်ဆောင်ရွက်ခြင်း၊

(ဂ)  သင်တန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနိုင်ရန် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း။

(ဃ) ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း။

(င)    ပျားမွေးမြူရေးအတတ်ပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပြန့်ပွားရေးအတွက် တိုးချဲ့ပညာပေး သင်တန်းများဖွင့်လှစ်ခြင်း၊ ပြည်သူများလွယ်ကူရှင်းလင်းစွာ နားလည် သဘော ပေါက်စေရန်အတွက် ပြည်နယ်/တိုင်းဒေသကြီးများ၏ သင်တန်းများတွင် ဖြည့်ဆည်းကူညီခြင်း။

          (စ)    စာအုပ်စာစောင်များ၊ လုပ်ငန်းစာစဉ်များ၊ ပညာရပ်ဆိုင်ရာဆောင်ပါးများ၊ လက်ကမ်း စာစောင်၊ စာအုပ်စာတမ်းများစီစဉ်ထုတ်ဝေခြင်း၊ နှီးနှောဖလှယ်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ ဦးဆောင်စီစဉ်ကျင်းပပေးခြင်း၊ နိုင်ငံတော်မှကြီးမှူး ကျင်းပသည့်ပြပွဲ၊ ပြခန်းများတွင်ပူးပေါင်း ပါဝင်ပြသခြင်း။

(ဆ)    နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရှင်သန်ရေးအတွက် မွမ်းမံသင်တန်းများဖြင့် အားဖြည့် ဆောင်ရွက်နိုင်ရန် စီမံခြင်း၊

(ဇ)    သင်တန်းဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များ၊ သင်တန်းအရည်အချင်းမှတ်တမ်းများ၊ စနစ် တကျ ဖြစ်စေရေးအတွက် စီမံကွပ်ကဲခြင်း၊

(ဈ)     သင်တန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနိုင်ရန် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊

(ည)    စီမံကိန်းလျာထားချက်အတိုင်း သင်တန်းများဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခြင်း၊ သင်တန်း အုပ်ချုပ်မှု၊ ငွေကြေးသုံးစွဲမှုကိစ္စရပ်များ စနစ်တကျ စီမံခန့်ခွဲခြင်း၊

(ဋ)  ပုဂ္ဂလိက ပျားမွေးမြူသူနှင့် ပျားအုံအရေအတွက် တိုးတက်လာစေရန် ပျားမွေးမြူရေး တိုးချဲ့ ပညာပေး သင်တန်းများဖွင့်လှစ်ခြင်း။

(ဌ)     သင်တန်းလုပ်ငန်း အစီရင်ခံစာများတင်ပြခြင်း၊

လူ့အရင်းအမြစ်ဌာနခွဲလက်အောက်ရှိဌာနစုများ

(က) အုပ်ချုပ်ထောက်ပံ့ရေးဌာနစု

(ခ) လေ့ကျင့်ပညာပေးရေးဌာနစု