REGISTRATION FORM

Family Health International (FHI 360) နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေး အဖွဲ့(FAO)တို့ ပူးပေါင်း၍ PREVENT-MYANMAR စီမံကိန်းဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Tue Sep, 2014

USAID ၏အကူအညီအထောက်အပံ့ဖြင့် FAOနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနတို့ပူးပေါင်းကျင်းပသော ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ နံနက်(၈)နာရီအချိန်တွင် မြတ်တော်ဝင်ဟိုတယ် (နေပြည်တော်)၌ ကျင်းပပြုလုပ်ရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မိမိတို့နိုင်ငံရှိ လူဦးရေ(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူလူထုများဖြစ်ပြီး စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြပါကြောင်း၊ ကြက်ငှက်တုပ်ကွေး ရောဂါ သည် ကျေးလက်နေပြည်သူများအကြား လူမသိ သူမသိ ကြက်နာကျအသွင်ဖြင့် ဝင်ရောက် ဒုက္ခပေးလျက်ရှိပြီး ကြက်မွေးမြူရေးလုပ်ငန်းများတွင် စီးပွားရေးနစ်နာ ဆုံးရှုံးမှုများ အတိုင်းအဆမရှိ ဖြစ်ပေါ်စေပါကြောင်း၊ ထို့အပြင် ကြက်ငှက်တိရစ္ဆာန်များမှ တစ်ဆင့် လူသားများကိုပါ ရောဂါကူးစက်စေပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော ရောဂါတစ်ခုဖြစ်ပါကြောင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကြက်ငှက်တုပ်ကွေး ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြင်ပအဖွဲ့အစည်းများပါ ပူပေါင်းပါဝင်ဆောင်ရွက်သွား ခြင်းဖြင့် အသားကဏ္ဍပိုမို ဖွံ့ဖြိုးလာပြီး၊ ပြည်သူအများ သား/ငါးမျှတဖူလုံစွာ စားသုံးလာနိုင်မှာ ဖြစ်ပါကြောင်း၊ FAO နှင့် PREVENT-MYANMAR စီမံကိန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ကျေးလက်နေပြည်သူလူထု၏ တိရစ္ဆာန်ကျန်းမာရေးကို အထောက်အကူပြုစေ ပြီး၊ ကျေးလက်ပြည်သူများ၏ စီးပွားရေးကို များစွာအထောက်အကူ ဖြစ်စေပါကြောင်း၊ စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်ကောင်းများ၊ အကြံဉာဏ်ကောင်းများကို ကျေးလက်နေပြည်သူလူထုအရောက် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဖြင့် ကျယ်ပြန့်စွာဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသော USAID, AusAID, FAOနှင့် PREVENT-MYANMAR မှ ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေး ကြပြီး ထွက်ပေါ်လာသည့် ရလဒ်များကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်မြှင့်ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။