REGISTRATION FORM

မွေးမြူထုတ်လုပ်ရေးစနစ်များအနက်ဝက်မှတဆင့်လူသို့ ကူးစက်တတ်သော ပဋိဇီဝဆေး ယဉ်ပါးမှု ဖြစ်စေသည့်ရောဂါများစူးစမ်းလေ့လာခြင်းနှင့်ထိန်းချုပ်ခြင်းများ အတွက် ပေါင်းစပ် စီမံခန့်ခွဲမှုအခြေပြုစီမံကိန်း

        ဤစီမံကိန်းသည်ဝက်များတွင် ဖြစ်ပွားတတ်သော ဘက်တီးရီးယားရောဂါပိုးများ ပြန့်ပွားမှုကို ထုတ်လုပ်မှု ကွင်းဆက်တစ်လျောက်လေ့လာပြီး ထိုရောဂါပိုးများတွင် ပဋိဇီဝ ဆေးယဉ်ပါးမှု အခြေအနေအား ဆန်းစစ်ရန် အဓိကထားဆောင်ရွက်မည့်စီမံကိန်း ဖြစ်ပါ သည်။ ပြောင်းလဲလာသော တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးစနစ်များကြောင့် ဝက်မှတဆင့် လူသို့ ကူးစက်တတ်သောရောဂါများ ပိုမိုဖြစ်ပွားလာပြီး ပဋိဇီဝဆေးယဉ်ပါးမှုဖြစ်စေသည့် အခြေအနေများလည်း ပိုမိုများပြားလာနေသဖြင့်  ဝက်ရောဂါများစူးစမ်းလေ့လာခြင်းနှင့် ထိန်းချုပ်ခြင်းများ ဆောင်ရွက်နိုင်ရန် ဘက်စုံပါဝင်သောစီမံခန့်ခွဲမှု အခြေပြုစီမံကိန်းတစ်ခု အဖြစ် ရန်ကုန်တိုင်းအတွင်း အခြေပြုဆောင်ရွက်သောစီမံကိန်းတစ်ခု ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့်အာရှနှင့်အာဖရိကနိုင်ငံများတွင် ဆောင်ရွက် လျက်ရှိသော စီမံကိန်းအစီအစဉ် (၁၁)ခုအနက်မှ တစ်ခုဖြစ်ပြီး သုတေသနကိုအခြေပြု၍ ပြောင်းလဲလာသော တိရစ္ဆာန် မွေးမြူထုတ်လုပ်ရေးစနစ်များ၊ ဝက်မှတဆင့် လူသို့ကူးစက် တတ်သော ပဋိဇီဝယဉ်ပါးမှုဖြစ်စေသည့် ရောဂါ များကို သိပ္ပံနည်းကျ အထောက်အထား များဖြင့် စူးစမ်းလေ့လာနေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်စေနိုင်သည့် ဘေးအန္တရာယ်များလျော့ချသွားနိုင်ရေး ဆောင်ရွက်ချက်များတွင် မူဝါဒ ချမှတ်နိုင်ရန် နည်းပညာဆိုင်ရာအကြံပြုချက်များ ပံ့ပိုးပေးနိုင်ပါမည်။