REGISTRATION FORM

စီမံခန့်ခွဲရေးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေးဌာန)၏ တာဝန်နှင့်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူ၍ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော နှစ်တို/နှစ်ရှည် စီးပွားရေးစီမံကိန်းများ အကောင် အထည်ဖော်ရာတွင် ညွှန်ကြားရေးမှူးချုပ်မှချမှတ်ထားသော တိရစ္ဆာန်ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊ ရည်မှန်းချက်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပတ်သက်သော ရသုံးမှန်းခြေ ငွေစာရင်းများ၊ အမြဲတမ်းလိုက်နာရန်အမိန့်များ၊ ဝန်ထမ်းအသီးသီး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ညွှန်ကြားရေးမှူးချုပ် ကိုယ်စား အမိန့်ချမှတ်ဆောင်ရွက်ရခြင်း။

(ခ)   ညွှန်ကြားရေးမှူးချုပ်ကိုယ်စား နိုင်ငံတော်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးအဖွဲ့ရုံးနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အခြားဌာန၊ လုပ်ငန်းအဖွဲ့အစည်းနှင့် လက်အောက်ခံရုံးများ စသည်တို့မှ အကြောင်းကြားခြင်း၊ မေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာသို့ဖြေရှင်းပေးနိုင်ရန်အတွက် အမိန့်ချမှတ် တာဝန်ယူ ဆောင်ရွက်ရခြင်း။

(ဂ)   နိုင်ငံတကာနှင့်ပတ်သက်သော တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်း လုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းကိစ္စများတွင် လိုအပ်သလို ပါဝင်ကူညီ အထောက် အကူပြုခြင်း။

(ဃ)    ဌာန၏ ဝန်ထမ်းရေးရာကိစ္စ၊ အုပ်ချုပ်ရေးကိစ္စ၊ မူဝါဒနှင့် စီမံကိန်းရေးဆွဲရေးကိစ္စ၊ ရန်ပုံငွေ ရေးဆွဲရေးကိစ္စ၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးကိစ္စ၊ စာရင်းစစ်ကိစ္စ၊ ဥပဒေရေးရာ ကိစ္စ၊ ပြည်တွင်း/ ပြည်ပဆက်သွယ်ရေးကိစ္စများ စနစ်တကျတိုးတက်ဖွံ့ဖြိုးရေးအတွက် ညွှန်ကြားရေးမှူးချုပ် ၏ လမ်းညွှန်မှုကိုခံယူ၍ ကြီးကြပ်ခြင်းများကို ဆောင်ရွက်ခြင်း။

(င)   ညွှန်ကြားရေးမှူးချုပ် ခရီးထွက်သည့်အခါ ညွှန်ကြားရေးမှူးချုပ်၏ လုပ်ငန်းတာဝန် များကို ၎င်း၏ကိုယ်စားဆောင်ရွက်ခြင်း။

စီမံခန့်ခွဲရေးဌာနလက်အောက်ရှိဌာနခွဲများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က) စီမံရေးရာဌာနခွဲ

(ခ) ဘဏ္ဍာရေးဌာနခွဲ

(ဂ) စီမံကိန်း၊ စာရင်းအင်းနှင့် အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်နည်းပညာဌာနခွဲ