REGISTRATION FORM

ဦးစီးဌါ၏ဖွဲ့စည်းပုံနှင့်နောက်ခံသမိုင်းကြောင်း

Home

Since 1784,  British army took the tasks in charge of the country’s  veterinary unique. In 1937, the division of veterinary unique was organized and a divisional director was appointed as governor. Veterinary Services and Livestock Department was established in 15th March 1972. In 1976, a separated Livestock Cooperation was organized from Veterinary Services and Livestock Department.

From Ministry of Agriculture and Forestry, Ministry of Livestock and Fisheries was particularly organized on 15th March 1983. In 28th June 2007, Bee Keeping Department and Livestock Feedstuff and Milk Products Enterprise were reorganized as Apiculture Division and Animal Husbandry Division and united as the constituent divisions of Livestock Breeding and Veterinary Department. In 31st March 2016, Ministry of Agriculture. Livestock and Irrigation was particularly organized.

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ နောက်ခံသမိုင်းနှင့် ဖွဲ့စည်းပုံ

မြန်မာနိုင်ငံ၏ တိရစ္ဆာန်ဆေးကုသမိုင်းစာမျက်နှာကို အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီး ၁၈၇၀ ခုနှစ် ဝန်းကျင် ခန့်တွင် ဖွင့်လှစ်ကြည့်ပါက တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အင်္ဂလိပ်စစ်တပ်မှ တာဝန်ယူ ဆောင်ရွက်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အင်္ဂလိပ်စစ်တပ်တွင် မြင်းတပ်နှင့် ဝန်တင်ပို့ဆောင်ရေး တပ်များ ဖွဲ့စည်းပါရှိလာသဖြင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို လုပ်ငန်းဆက်စပ်မှုအရ အင်္ဂလိပ်စစ်တပ်ရှိ တိရစ္ဆာန်ဆေးကုအရာရှိနှင့် အခြားအဆင့် ကျွမ်းကျင်သူများက တာဝန်ယူဆောင်ရွက်ကြခြင်း ဖြစ်သည်။

ထိုစဉ်ကာလက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ကျွဲနွားကျောက်ကပ်ရောဂါကူးစက်ပျံ့နှံ၍ သေပျောက်မှု များသဖြင့် ကော်မရှင်ဖွဲ့စည်းစစ်ဆေးရာတွင် အစီရင်ခံစာ၌ လယ်ယာသုံး ခိုင်းကျွဲနွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန်  ထည့်သွင်းဖော်ပြသဖြင့် တိရစ္ဆာန်ဆေးကုဌာန ဖွင့်လှစ်ရန် အကြောင်းရင်းခံဖြစ်ခဲ့ပြီး ၁၈၇၄ ခုနှစ်တွင် အင်္ဂလိပ်စစ်တပ်မှ တာဝန်ယူ ဖွင့်လှစ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လယ်ယာသုံး ခိုင်းကျွဲနွားကောင်ရေများပြားခြင်းကြောင့် အင်္ဂလိပ်စစ်တပ်မှ တိရစ္ဆာန် ဆေးကုကျွမ်းကျင်သူများဖြင့် လုပ်ငန်းနိုင်နင်းမှုမရှိသဖြင့် ၁၈၇၆ ခုနှစ်တွင် တိရစ္ဆာန်ဆေးကု အတတ်သင် ကျောင်းကို ဖွင့်လှစ်၍ မြန်မာနိုင်ငံသား တိရစ္ဆာန်ဆေးကုလက်ထောက်ဆရာများကို လေ့ကျင့်မွေးထုတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် တိရစ္ဆာန်ဆေးကု လက်ထောက်ဆရာများ၏ အခန်းကဏ္ဍသည် အစဉ်အလာကောင်းများရှိခဲ့ပြီး အင်္ဂလိပ် ကိုလိုနီခေတ် ၁၈၆၇ ခုနှစ်က သန္ဓေတည် ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဆေးကု အတတ်သင်ကျောင်းကို လွတ်လပ်ရေးအကြို ၁၉၄၇ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းအမည်သို့ ပြောင်းလဲ၍ သင်တန်းကာလကို (၁)နှစ်သင်တန်းမှ (၂) နှစ် သင်တန်း အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်ကို ၁၉၅၇ ခုနှစ် စက်တင်ဘာလ (၂၄)ရက်တွင် စတင်ဖွင့်လှစ် တိရစ္ဆာန်ဆေးကုပညာရှင်များပေါ်ထွက်လာပြီဖြစ်သဖြင့် တိရစ္ဆာန်ဆေး သိပ္ပံကျောင်း ကို (၂၁)ကြိမ်မြောက်သင်တန်းဖွင့်လှစ်အပြီး ၁၉၇၅ ခုနှစ် နိုဝင်ဘာလကုန်တွင် ပိတ်သိမ်း ခဲ့သည်။ အင်္ဂလိပ် ကိုလိုနီခေတ်အတွင်း ဖွင့်လှစ်ခဲ့သည့် သင်တန်းများအပါအဝင် တိရစ္ဆာန်ဆေးကု လက်ထောက်ဆရာ (၁၂၀၀)ခန့် မွေးထုတ်နိုင်ခဲ့ပြီး တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်း ပိတ်သိမ်းချိန်တွင် ဌာနအတွင်း သင်တန်းဆင်းဝန်ထမ်း (၈၀၀) ကျော်ခန့် တာဝန်ထမ်းဆောင်လျက်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ဆေးကုသမိုင်း စာမျက်နှာကို ပြန်ပြောင်းကြည့်သော် မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးကုသရေးဌာနခွဲကို ၁၈၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိရသည်။ အင်္ဂလိပ်စစ်တပ်မှ Colonel Evans အား တိရစ္ဆာန်ဆေးကုသရေးဌာနခွဲသို့ ပြောင်းရွှေ့ ခန့်ထား၍ စီမံအုပ်ချုပ် စေခဲ့သည်။ ၁၉၄၇ ခုနှစ်ကုန်တွင် အင်္ဂလိပ်အရာရှိများ အငြိမ်းစားယူကြပြီး မြန်မာနိုင်ငံသား ဘတ္တာချာချီ (James Baltercherjes M.R.C.V.S) ညွှန်ကြားရေးဝန် ဖြစ်လာသည်။ မြန်မာနိုင်ငံသားထဲမှ ညွှန်ကြားရေးဝန် တာဝန်ထမ်းဆောင်ခဲ့သူများမှာ ဘတ္တာချာချီ ( ၁၉၄၈-၁၉၅၁)၊ ဦးကြိုင် ( ၁၉၅၂-၁၉၅၃) ၊ ဦးစောလှဦး (၁၉၅၃-၁၉၅၄)၊ ဦးထွန်းလှိုင် ( ၁၉၅၄-၁၉၅၈)၊ ဦးထွန်းအောင် ( ၁၉၅၈-၁၉၆၂)၊ ဦးကျော်ဇောအောင် ( ၁၉၆၂-၁၉၆၃) နှင့် ဦးသော် (၁၉၆၃-၁၉၇၅) တို့ ဖြစ်ကြသည်။

၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။

မွေးမြူရေးလုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနမှခွဲထွက်၍ မွေးမြူရေးလုပ်ငန်းကော်ပိုရေးရှင်း (မွေးမြူရေး၊  အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကိုသီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ် တော ဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင် ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

(၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်း ဌာနကို သွတ်သွင်းဖွဲ့စည်းရန် သဘောတူခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏ ဖွဲ့စည်းပုံအား စာရင်းရှင်းလင်းဖျက်သိမ်းပြီး မွေးမြူရေးဌာနခွဲအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်သို့ (၃-၄-၂၀၁၄) ရက်တွင်ကျင်းပ ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၄)မှ သဘောတူခွင့်ပြုပြီး မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ  အရာထမ်း(၅၆) ဦး၊ အမှုထမ်း (၁၀၀) ဦး စုစုပေါင်း (၁၅၆) ဦး အားသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၆၅၄) ဦး၊ အမှုထမ်း (၃၄၄၉)ဦး စုစုပေါင်း (၄၁၀၃) ဦးဖြင့် ဖွဲ့စည်းပုံတိုးမြှင့်ခဲ့ပါသည်။

(၉-၆-၂၀၁၆) ရက်တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆) သဘောတူခွင့်ပြုချက်အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအား အရာထမ်း (၉၇၈) ဦး၊ အမှုထမ်း (၃၇၈၉) ဦး စုစုပေါင်း (၄၇၆၇) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ